စက်သုံးဆီအရောင်းဆိုင်ဝန်ထမ်းများ မီးသတ်ဆေးဘူးအသုံးပြုတတ်စေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီကာလ မီးဘေအန္တရာယ် တားဆီးကာကွယ်ရေးနှင့် အသိပညာပေးစစ်ဆေးခြင်းလုပ်ငန်းများကို၊ နေ့စဉ်ဆောင်ရွက်လျက်ရှိရာ၊ ယမန်နေ့မွန်းလွဲ ၃ နာရီက ကျောက်ပန်းတောင်း-မိတ္ထီလာသွား ကားလမ်းဘေးရှိ Max စက်သုံးဆီအရောင်းဆိုင်တွင် ဝန်ထမ်းများ မီးသတ်ဆေးဘူးအသုံးပြုတတ်စေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်တောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးကျော်နိုင်လင်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များသည်၊ Max စက်သုံးဆီအရောင်းဆိုင်မှ ဝန်ထမ်း(၁၂)ဦးတို့အား အရေးပေါ်မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုနည်းနှင့် မီးဘေးကြိုတင်တားဆီးကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ လက်တွေ့ပူးပေါင်းဆောင်ရွက်စေခြင်း အစရှိသည့် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)