သတင်းများ

ဝေါမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် တစ်နှစ်ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးတိုက်ခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်
Feb 01,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ အသက်တစ်နှစ်ခွဲ အောက်ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ရရှိခံစားနိုင်ရေးနှင့် ကူးစက်ရောဂါများ ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ယနေ့နံနက်၈နာရီတွင် အရှေ့ဘက်ကမ်းရပ်ကွက်ဆွမ်းလောင်းဓမ္မာရုံအတွင်း သားဖွားဆရာမ ဒေါ်ချိုမွန်သော်နှင့် ဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးတိုက်​ကျွေးခြင်းကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မက်မန်းမြို့ ကွန်ဟောင်းကျေးရွာ စံပြစိုက်ခြံတွင် အီအမ်ဘိုကာရှီသရုပ်ပြပွဲ ကျင်းပ
Feb 01,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ကွန်ဟောင်းကျေးရွာ စံပြစိုက်ခြံတွင် ဓာတ်မြေဩဇာအစား အဘာဝမြေဩဇာပြုလုပ်သုံးစွဲနိုင်ရန်နှင့် စွန့်ပစ်ပစ္စည်းများအား ဇီဝမြေဩဇာများ ပြုလုပ်တတ်စေရန် ရည်ရွယ်၍ အီအမ်းဘိုကာရှီ (ဇီဝမြေဩဇာ) သရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့ မွန်လွှဲပိုင်းအချိန်က ကျင်းပခဲ့သည်။
သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံဝန်ထမ်း အငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး
Feb 01,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချို၊ ဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားဝန်ထမ်းများအား အခမဲ့စစ်ဆေးပေးလျက်ရှိပြီး ယမန်နေ့နံနက် (၉:၃၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Feb 01,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၈ နာရီကစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံနှင့်ကျေးလက်ဆေးခန်းဆေးထိုးစုရပ်အသီးသီးတွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအကြောင်း အသိပညာပေး Talk Show ဆောင်ရွက်
Feb 01,2024
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြုဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံပေး
Feb 01,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် "ကလေးငယ်တိုင်းရောဂါကင်းဝေးရေး ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံတိုက်ကျွေးပေး" ဟူသောဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်း(ပေါက်တာ)၌ ကျောင်းအခြေပြု(၅ နှစ်မှ ၇ နှစ်) (KG)ကလေးများအား ​ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးထိုးနှံ​ခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ဖြူးမြို့နယ်တွင် စားသုံးဆီဖူလုံရေး ဆောင်းနေကြာစိုက်ပျိုးမှု(၇၁၆၃)ဧက လျာထားစိုက်ပျိုးနိုင်
Feb 01,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာများစိုက်ပျိုးလျက်ရှိရာ ယခုနှစ်​ဆောင်းနေကြာ(၇၁၆၃)ဧက လျာထားစိုက်ပျိုးနိုင်ပြီး သီးသန့်စိုက်ပျိုးခြင်း၊ သီးညှပ်စိုက်ပျိုးခြင်းများဖြင့် စိုက်ပျိုးထားကြောင်းသိရသည်။
ပင်းတယမြို့နယ်၌ စိုက်ပျိုးထားသော ရင်ကွဲသရက်သီးပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း
Feb 01,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ အများစုမှာ စိန်တလုံးသရက်သီးကိုသာ အဓိကထား စိုက်ပျိုးကြပြီး၊ အမျိုးအစားမတူသည့် သရက်ခြံများလည်း စိုက်ပျိုးထားရှိရာ ယခုအခါ ရင်ကွဲသီးသရက်ခြံများလည်း စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။