သတင်းများ

စလင်းမြို့နယ်အင်းတဲကျေးရွာ အ.မ.က ကျောင်းတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ဓါတ်ပုံပြပွဲဆောင်ရွက်
Feb 03,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အင်းတဲကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ဓါတ်ပုံပြပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အသိပညာဗဟုသုတ ရရှိစေရေးအတွက် အင်းတဲအခြေခံပညာမူလတန်းကျောင်းတွင် ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ
Feb 03,2024
အီရတ်နိုင်ငံဘဂ္ဂဒက်မြို့၌ အခက်အခဲများနှင့် ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ အမြန်ပြန်လည်ပို့ဆောင်ပေးနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ကိုင်ရိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် အီရတ်နိုင်ငံရှိအာဏာပိုင်များနှင့် ညှိနှိုင်းပြီး နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ အီရတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများသည် ဖေဖော်ဝါရီ ၁ ရက်က ဘဂ္ဂဒက်မြို့မှ ဘဂ္ဂဒက်-ဒူဘိုင်း လေယာဉ်ခရီးစဉ်ဖြင့် ဒူဘိုင်းသို့ ထွက်ခွာခဲ့ပြီး ယမန်နေ့တွင် ဒူဘိုင်းမှ ဒူဘိုင်း-ဗန်ကောက် လေယာဉ်ခရီးစဉ်ဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ရောက်ရှိခဲ့ကာ ညနေ ၅ နာရီ ၁၅မိနစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်း
Feb 03,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး (၂) ထပ်ဆောင်အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မင်းလှမြို့နယ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီ ပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများနှင့် တွေ့ဆုံ ဆွေးနွေး
Feb 03,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ငွေလုံး၊ ငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီ ပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လုပ်ငန်းများ တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ ညနေ (၃) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) အထက်တန်းအဆင့် အထွေထွေ ဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ
Feb 03,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) အထက် တန်းအဆင့် အထွေထွေ ဗဟုသုတ ဉာဏ်စမ်းပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁:၃၀ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
အ.ထ.က (မိုးညို)၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးနှင့်‌ ဆောင်းပါးပြိုင်ပွဲကျင်းပ
Feb 03,2024
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) စာစီစာကုံးနှင့်‌ ဆောင်းပါးပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က (မိုးညို) ကျောင်း၌ ပြုလုပ်ခဲ့သည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကာယစွမ်းရည် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပ
Feb 03,2024
ကျိုက်မရောမြို့၊ အ.မ.က မူလွန်ကလိုင်းကနိုင်ကျောင်း​၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကာယစွမ်းရည် ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ နံနက်က အဆိုပါ ကျောင်းရှေ့၌ကျင်းပ ပြုလုပ်သည်။
ရွှေတောင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း  (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Feb 03,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။