စလင်းမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်
Feb 03,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ပူပြင်းခြောက်သွေ့သည် မိုးအကုန် ဆောင်အကူးပြီး နွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဖြစ်သည့် သတိပေး နှိုးဆော်ခြင်း ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် မြို့မစည်ပင်သာယာစျေးအဝင်၌ မီးဘေးကြိုတင်ကာကွယ်ရေး သတိပြုစရာအချက်များပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ရပ်ကွက်များအတွင်း စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။