သတင်းများ

ဂွမြို့နယ်တွင်  (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 02,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့၊ နေ့လယ်ပိုင်းက  ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်စကားဝိုင်း ကျင်းပ
Feb 02,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြင့်မိုရ်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ပြည့်စုံစေရေးနှင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၈)နာရီက အဆိုပါရုံး လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပသည်။
ချောင်းဆုံမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Feb 02,2024
မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရေး၊ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် ဗလငါးတန်နှင့် ပြည့်စုံစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့မွန်းလွဲပိုင်းတွင် ချောင်းဆုံမြို့နယ် (အ.ထ.က−ခွဲ) ကွမ်ရိုက်ကျောင်း ပတ္တမြားရတုခန်းမ၌ အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
သထုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်
Feb 02,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယနေ့မွန်းလွဲပိုင်းက သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ အခြေခံပညာမူလတန်း‌ကျောင်း (ရဲဝင်း) ၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။
လှည်းကူးမြို့နယ်၌ စာသင်ကျောင်းအခြေပြုမီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း ဆောင်ရွက်
Feb 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ ကျောင်သား၊ ကျောင်းသူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ မီးလောင်မှုများ ဖြစ်ပွားပါက လျင်မြန်ထိရောက်စွာ မီးငြှိမ်းသတ်နိုင်ရေးနှင့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းကစာသင်ကျောင်းအခြေပြုမီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းကို အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မော်လမြိုင်မြို့ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Feb 02,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ် မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများအား ယနေ့ နံနက်ပိုင်းက အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ထားဝယ်မြို့တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး
Feb 02,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များ တင်ဆောင်၍ လှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် သမဝါယမဦးစီးဌာနရုံးသို့ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်တက္ကသိုလ်၌ အခြေခံစားသောက်ကုန် ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချ‌ပေးနေမှုအား ကြည်ရှုအားပေး
Feb 02,2024
နိုင်ငံ့ဝန်ထမ်းများအတွက် အိမ်ငှားစရိတ်နှင့် ဝတ်စုံစရိတ်ကို နိုင်ငံတော်မှထောက်ပံ့ပေးလျက်ရှိသော်လည်း ပညာသင်ကြားပေးသည့် ဆရာ၊ ဆရာမ၏ နေထိုင်စားသောက်ရေးအား တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးရန် လမ်းညွှန်မှုနှင့်အညီ မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ပြည်သူများအတွက်သက်သာ သောနှုန်းထားများဖြင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်စေရေး အတွက် ကိုယ်တိုင် စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများက ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်များဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်အတွင်း၌ ရောင်းချ‌ပေးလျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည်ရှု အားပေးခဲ့သည်။