သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် နှစ်စဉ် စိုက်ပျိုးရောင်းချသည့် စတော်ဘယ်ရီသီးများ ဈေးကောင်းရရှိ
Feb 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နှစ်စဉ် စိုက်ပျိုး ရောင်းချသည့် စတော်ဘယ်ရီသီးများ ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်ပြီး ယခင်နှစ်ကထက် ဈေးကောင်းပိုမိုရရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းနှင့်စပ်လျဉ်း၍ အစည်းအဝေးကျင်းပ
Feb 03,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးကဏ္ဍများတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းနှင့်စပ်လျဉ်း၍ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ပြုလုပ်
Feb 03,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထ ကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန် မြင့်မားစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club )နှင့် ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူပေါင်း၍ စာရေးဆရာ ဖေမြင့် ရေးသားထားသော "စနစ်တကျ လေ့ကျင့်တည်ဆောက်ထားသော စိတ်၏ သတ္တိစွမ်းအားများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် (၁ဝ:၀၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။
ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ပေါက်ခေါင်းမြို့နယ် နွေစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် ပျိုးထောင်စိုက်ပျိုးနေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 03,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အတူ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊‌ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်ဆည်မြောင်းဦးစီးမှူးတို့သည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်း နွေစပါးပန်းတိုင် အထွက်နှုန်းရရှိရေး နွေစပါးပျိုးထောင်စိုက်ပျိုးနေသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြိုနယ်၌ ဌာနဆိုင်ရာ ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနို့နှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချပေး
Feb 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနို့များနှင့် စားသောက်ကုန်ပစ္စ္စည်းများ ဖြန့်ဖြူးရောင်းချပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင် ရောင်းချပေးလျက်ရှိသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ဆောင်းနေကြာ စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Feb 03,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ဆောင်းနေကြာ ဆီထွက်သီးနှံ ရေဆင်းဆပ်မျိုး နေကြာ-၁ မျိုးကို မြိုင်ကုန်းကျေးရွာအုပ်စု တောင်သူဦးသာထွန်း၏ ကွင်းအမှတ်(၅၃၄/ခ)၊ ဦးပိုင်အမှတ် (၂၂) ရှိ စိုက်ဧက (၅) ဧကတွင် စံကွက်ရိတ်သိမ်းခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ သီးနှံနေကြာစိုက်ခင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေး စုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
Feb 03,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက အဆိုပါကျောင်းရှိ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပိုင်ကျုံမြို့ မိုးနိုင်း-ညာပရော-မိကြောင် ရွာချင်းဆက်လမ်းပေါ်၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်  သံကူကွန်ကရစ်တံတားများ တည်ဆောက်ပေးလျက်ရှိ
Feb 03,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများ သွားလာရေးပိုမိုအဆင်ပြေ လွယ်ကူစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မိုးနိုင်း-ညာပရော-မိကြောင် ရွာချင်းဆက်လမ်း မြေသားလမ်းပေါ်တွင် သံကူကွန်ကရစ်တံတားများ တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။