အ.ထ.က (မိုးညို)၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးနှင့်‌ ဆောင်းပါးပြိုင်ပွဲကျင်းပ

မိုးညို ဖေဖော်ဝါရီ ၃

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) စာစီစာကုံးနှင့်‌ ဆောင်းပါးပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က (မိုးညို) ကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲကို မြို့နယ်ပညာရေးမှူး ဦးကြည်လင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းထွေးနှင့် ဆရာ/ဆရာမများက ကြီးကြပ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အထက်တန်းဆင့် ကျောင်းသား/သူ (၁၀) ဦးက "ပြည်ထောင်စုစိတ်ဓာတ်နှင့်လူငယ်ကဏ္ဍ" (စာစီစာကုံး) နှင့် ကျောင်းသား/သူ (၄) ဦးက "ပြည်ထောင်စုစိတ်ဓာတ်အရင်းတည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့" (ဆောင်းပါး) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းဆင့် ကျောင်းသား/သူ (၁၅) ဦးက "ပြည်ထောင်စုအောင်ပွဲ၊တို့ဆင်နွှဲ" (စာစီစာကုံး) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းဆင့် ကျောင်းသား/သူ (၂၈) ဦးက "ပြည်ထောင်စုနေ့" (စာစီစာကုံး) ခေါင်းစဉ်ဖြင့်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)