သတင်းများ

မြစ်သားမြို့နယ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး အဆောက်အဦစာရင်း မှတ်တမ်းတင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 02,2024
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်တွင်    မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် အဆောက်အဦ စာရင်းတင်ခြင်း လုပ်ငန်းများကို ယနေ့ နံနက် (၁၀) နာရီ အချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
မုဒုံမြို့၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အကြို ဂုဏ်ပြုပွဲကျင်းပ
Feb 02,2024
မုဒုံမြို့၌ မတ်လ (၈) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုအားဖြင့် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကြံခင်းမြို့နယ်တွင် မြို့တော်သန့်ရှင်းသာယာလှပစေရေး ပလပ်စတစ်အမှိုက်များ ကင်းရှင်းစေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့တော် သန့်ရှင်းသာယာလှပစေရေး၊ အမှိုက်များစနစ်တကျ စွန့်ပစ်စေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်၊ ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် မြို့မဈေးတို့တွင် ဖြန့်ဝေပေးကြောင်း သိရသည်။
တွံတေးမြို့နယ် အ.မ.က (မူလွန်) ပေါင်စိန်၌ လူငယ်များဗလငါးတန်ဖွံဖြိုးရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Feb 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ပသီကျေးရွာအုပ်စု၊ ပေါင်စိန်ကျေးရွာ၊ အခြေခံပညာမူလတန်း (လွန်) ကျောင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်အတွက်ရည်ရွယ်၍ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ကြာင်း သိရသည်။
မိုင်းခတ်မြို့၌ အခြေခံပညာမူလတန်းကျောင်း(ဝမ်ပြန်)သို့ Mobile Library စနစ်ဖြင့် စာအုပ်စာ‌စောင်များ အခမဲ့ငှားရမ်း‌ပေးခြင်း ဆောင်ရွက်
Feb 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်‌ပေးခြင်းကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က မိုင်းခတ်မြို့၊ ဝမ်ပြန်‌ကျေးရွာ(အမက)ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ (အကြို) မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ အ.ထ.က (၂) တွင် ကျင်းပ
Feb 02,2024
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ (အကြို) မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က ၂ ကျောင်းဝင်းအတွင်း ကျောင်းသား/ သူများက ယှဥ်ပြိုင်ကြကြောင်း သိရသည်။
တောင်ငူမြို့၊ ကောင်းမှုတော်မူလတန်းလွန်ကျောင်းသို့ ရွေ့လျားစာကြည့်တိုက်ယာဥ်ဖြင့် နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Feb 02,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကောင်းမှုတော်အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဥ်ဖြင့် ယနေ့နံနက်ပိုင်းက နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာ အုတ်တွင်းမြို့နယ်၌ စိုက်ထူ
Feb 02,2024
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့ ပဲခူးလမ်းရပ်ကွက် ရန်ကုန်-မန္တလေး (ပုံမှန်) ကားလမ်းဘေး ဘုန်းတော်တိုး ဘုန်းတော်ပွင့်ဘုရားရှေ့နှင့် ကြက်သွန်ခင်း (၁) ရပ်ကွက် ရန်ကုန်-မန္တလေး (ပုံမှန်) ကားလမ်းဘေး ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ယနေ့နံနက်ပိုင်းက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူခဲ့ကြောင်း သိရသည်။