ရွှေတောင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း  (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ရွှေတောင် ဖေဖော်ဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်း အနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးအေးမြင့်က သင်တန်းအရန် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး  (မွမ်းမံ) သင်တန်း  (၁/၂၀၂၄) သင်တန်းကို ရည်ရွယ်ချက် (၃) ရပ်ဖြစ်သည့်သတိ၊ သစ္စာ၊ သတ္တိ ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်မှ ချမှတ်သည့်ထားသည့် မူဝါဒများကို သိရှိနာလည်းသဘောပေါက်ပြီး ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန်၊ အခြေခံမီးသတ်ပညာ၊ ရှာဖွေကယ်ဆယ်ရေး ပညာများကို ကိုယ်စီ ကျွမ်းကျင်စွာ တက်မြောက်စေရန်၊ လက်တွေ့အသုံးချနိုင်စေရန်အတွက် ရည်ရွယ်လေ့ကျင့်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းတွင် ဂုဏ်ပြုဆုရရှိသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းသားများအား တာဝန်ရှိသူများက သင်တန်း ဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါ သင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ယွန်းတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ရုံး/ စခန်းရှိ တပ်ဖွဲ့ဝင်များနှင့် လေ့ကျင့်ရေး  (မွမ်းမံ) သင်တန်းသားများ စုစုပေါင်းအင်အား (၈၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံမှ သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)