သတင်းများ

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ၏ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဥ်အခမ်းအနားကျင်းပ
Feb 03,2024
ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ၏ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ရက်သတ္တပတ်လှုပ်ရှားမှုအစီအစဥ် Silver Sparks & Swiper :Celebrating 25th Year Annivercsary ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လှိုင်တက္ကသိုလ်၀န်းအတွင်းရှိ MICT park yangon ၌ ကျင်းပသည်။
မင်းဘူးမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး ပန်းချီ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကျင်းပ
Feb 03,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ် (၂) အထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ အင်္ဂလိပ်စာစွမ်းရည်၊ သင်္ချာစွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုအားပေးခြင်းနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး
Feb 03,2024
မုံရွာမြို့နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်စေရေး၊ ရပ်ကွက်အတွင်းရှိလမ်းများ သန့်ရှင်းသပ်ရပ်စေရေး၊ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ စိန်ပန်းဝါလမ်း ဘေးဝဲ/ယာအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် လူမူရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
မကွေးတက္ကသိုလ်၌ လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော်ကျင်းပဆင်နွဲ
Feb 03,2024
လူငယ်များ ဗလငါးတန်ပြည့်စုံရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ် ထွန်းဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ တက္ကသိုလ်ဌာနအသီးသီးရှိ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
အမာမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်
Feb 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့အတွင်းရှိ သာသနိကအဆောက်အဦးများ၊ စာသင်ကျောင်းများ၊ အလုပ်ရုံများနှင့် လူနေအိမ်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများကို မီးသတ်ဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများက ယနေ့နံနက် (၉)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ် အုံမြားကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 03,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် အုံမြားကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကိုယမန် နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
အင်္ဂပူမြို့တွင် အမှတ်စဉ် (၁/၂၀၂၄) အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲ ကျင်းပ
Feb 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အမှတ်စဉ် (၁/၂၀၂၄) အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အင်္ဂပူမြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြင်းခြံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Feb 03,2024
မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပွင်းလင်းရာသီရောက်ရှိလာပြီဖြစ်၍ ရပ်ကွက်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးအရာရှိနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။