နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်း

ချမ်းအေးသာစံ၊ ဖေဖော်ဝါရီ ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့  မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး (၂) ထပ်ဆောင်အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှေ့ဆက်ဆောင်ရွက်မည့် ကာလများတွင် စိတ်ဓာတ်အသစ်၊ ခွန်အားအသစ်တို့ဖြင့် မျှော်မှန်းချက်များ အောင်မြင်အောင် မိမိကျရာအခန်းကဏ္ဍမှ ထိထိရောက်ရောက်ဆောင်ရွက်ရန်၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများကို ပန်းတိုင်ရည်မှန်းချက် ပြည့်မီရေးအထူးအလေးထားဆောင်ရွက်ရန်၊ MSME လုပ်ငန်းများကို ယခုထပ်ပိုမိုတိုးတက်အောင် ကြိုးစားဆောင်ရွက်ရန်တို့နှင့်စပ်လျဉ်း၍ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းပြောကြားပြီး  တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံတော်က ချမှတ်ထားသော မူဝါဒ၊ ရည်မှန်းချက်များအတိုင်း ပြည့်ဝစွာ ပိုမိုတိုးတက်အောင် ဆောင်ရွက်ရေး၊ ပြီးခဲ့သည့်ကာလများအတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများမှ အားသာချက် အားနည်းချက်အတွေ့အကြုံရလဒ်များ အပေါ်ပြန်လည်သုံးသပ်ကာ ရှေ့ဆက်အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအား ယခင်ထက်ပိုမိုဖွံ့ဖြိုးတိုးတက်အောင် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများကိုအင်တိုက်အား တိုက်ဆောင်ရွက်ကြရန် တွန်းအားပေးဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ထွန်းထွန်းနိုင်