(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကာယစွမ်းရည် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပ

ကျိုက်မရော ဖေဖော်ဝါရီ ၃

ကျိုက်မရောမြို့၊ အ.မ.က မူလွန်ကလိုင်းကနိုင်ကျောင်း​၌ (၇၇)နှစ်မြောက်  ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကာယစွမ်းရည် ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ နံနက်က အဆိုပါ ကျောင်းရှေ့၌ကျင်းပ ပြုလုပ်သည်။

ဦးစွာ  ကာယစွမ်းရည်  ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိက ရှင်းလင်းပြောကြားရာ၌ ကျောင်းသား၊ ကျောင်းသူများ၏ ကာယစွမ်းရည်  တိုးတက်စေရန်နှင့်  အချင်းချင်းစုပေါင်းအားဖြင့် ပူးပေါင်းဆောင်ရွက် တတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍   မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ကျင်းပခြင်း ဖြစ်ကြောင်းပြောကြားပြီး ထမနဲထိုးပြိုင်ပွဲကို ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက အသင်းလိုက်ပျော်ရွှင်စွာ ယှဥ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင်ဆုရရှိသော အသင်းများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

မိချို (ပြန်/ဆက်)