စလင်းမြို့နယ်အင်းတဲကျေးရွာ အ.မ.က ကျောင်းတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ဓါတ်ပုံပြပွဲဆောင်ရွက်

စလင်း ဖေဖော်ဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊  စလင်းမြို့နယ် အင်းတဲကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် (၇၇) နှစ်မြောက်  ပြည်ထောင်စုနေ့ အထိမ်းအမှတ်  ကလေးအလုပ်သမားပပျောက်ရေး  အသိပညာပေးဟောပြောပွဲနှင့်  နံရံကပ်ဓါတ်ပုံပြပွဲကို  ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အသိပညာဗဟုသုတ ရရှိစေရေးအတွက်  အင်းတဲအခြေခံပညာမူလတန်းကျောင်းတွင်  ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အင်းတဲအခြေခံပညာမူလတန်းကျောင်းအုပ်  ဆရာမကြီး  ဒေါ်ရှုမွန်ဌေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ဥမ္မာကျော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောလွင်ဦး  စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးဆန်းလင်းမောင်တို့က ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့်  အကြောင်းအရာများ  ကလေးအလုပ်သမားများ၏ အသက်အရွယ် ကလေးအလုပ်သမားဆိုသည်မှာ  ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်  ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် မိဘအုပ်ထိန်းသူ  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လိုက်နာဆောင်ရွက်သင့်သည့် အကြောင်းအရာများ  ဆောင်ရွက်နိုင်သည့်  ဥပဒေအကြောင်းအရာများကို အသိပညာပေးပြောကြားခဲ့ပြီး    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်သား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်  ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ  နံရံကပ်စာစောင်နှင့် နံရံကပ်ဓါတ်ပုံများကို  စိတ်ပါဝင်စားစွာဖြင့်  လေ့လာကြည့်ရှု မှတ်သားကြကြောင်း သိရသည်။

(မောင်လွင်)စလင်း