နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နေပြည်တော်အတွင်း သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးပြီး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
May 24,2026
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အဆင့်ဌာဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများစုပါင်း၍ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ရေစီးရေလာကောင်းမွန်စေရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး အမြဲဆောင်ရွက်သွားရန်၊ အမှိုက်များကို အမျိုးအစားခွဲ၍ စနစ်တကျစွန့်ပစ်ရန်အမှိုက်ပုံးများ လုံလောက်စွာထားရှိပြီး အချိန်မှန်စွန့်ပစ်ရန်၊ ကျောင်းဝင်းအတွင်း သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးထိန်းသိမ်းရန်၊ သောက်သုံးရေ လုံလောက်စွာ ရရှိရေးမှာကြားခဲ့ပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်လက်ခံနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေ၊ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။