ကော့သောင်းမြို့တွင် အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနား ကျင်းပ
Sep 09,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ဩဂုတ်လ (၂၅) ရက်နေ့မှစ၍ အားကစားအမျိုးအစား (၆) မျိုးအား သတ်မှတ်အချိန်ဇယားများအလိုက် ယှဉ်ပြိုင်ကစားလျက်ရှိရာ စက်တင်ဘာ ၉ ရက်နေ့တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးစားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲများနှင့် ဆုချီးမြှင့်ပွဲကို ခရိုင်အားကစားခန်းမတွင် ကျင်းပသည်။