သတင်းများ

အုတ်ဖိုမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်းဆောင်ရွက်
Sep 10,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက အ.မ.က ကြို့ကုန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၊ ကြိုးကြာကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်
Sep 10,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအနေအဖြစ် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို ကြိုးကြာကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ စက်တင်ဘာလ ၈ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့ တက်ရောက်ခဲ့သော လူငယ်ကိုယ်စားလှယ်အဖွဲ့မှ အတွေ့အကြုံစကားဝိုင်းဆွေးနွေးပွဲအခမ်းအနား တက်ရောက်
Sep 10,2025
မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့တက်ရောက်ခဲ့သော လူငယ်ကိုယ်စားလှယ်အဖွဲ့မှ အတွေ့အကြုံစကားဝိုင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အ လေးပြုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့အခမ်းအနားသည် မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့တက်ရောက်ခဲ့သော လူငယ်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ရရှိခဲ့သည့်အတွေ့အကြုံကောင်းတွေကို လူငယ်တွေသိရှိအောင် ပြန်လည်မျှဝေပေးသည့် အနှစ်သာရပြည့်စုံကောင်းမွန်သည့် အခမ်း အနားတစ်ခုဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့ဘဝအတွက်သာမက နိုင်ငံနှင့်ပြည်သူအတွက်ပါအကျိုးရှိစေမယ့် ကြီးမားတဲ့တာဝန်တွေကို ထမ်းဆောင်ရမှာဖြစ်တဲ့အတွက် အတွေ့အကြုံကောင်းတွေရှိလာဖို့လိုအပ်မှာဖြစ်သလို ဗလငါးတန်ဖွံ့ဖြိုးမှုသာမက ပြောင်းလဲနေသောကမ္ဘာကြီးတွင် မျိုးဆက်သစ်လူငယ်များ တက်ကြွစွာပါဝင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြဖို့မှာကြားလိုကြောင်း၊ လူငယ်များသည် အနာဂတ်ခေါင်းဆောင်များ၊ နည်းပညာဆိုင်ရာတီထွင်ဖန်တီးသူ၊ ငြိမ်းချမ်းရေးနှင့်စွန့်ဦးတီထွင်သူများ ဖြစ်သည့်အတွက် နယ်ပယ်စုံကဏ္ဍပေါင်းစုံမှာရှိသည့် လူငယ်များဆောင်ရွက်နိုင်သည့်အခွင့်အလမ်းများကို ဖန်တီးပုံဖော်ပေးသည့် မျိုးဆက်သစ်များဖြစ်ပေါ်စေရေး အားလုံးပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
မဟာအောင်မြေမြိုနယ် မီးသတ်ဦးစီးဌာနတွင် LCIS International Preschool ကိုယ်ပိုင်ကျောင်းမှ မြို့နယ်မီးသတ်ဦးစီးဌာနသို့ လာရောက်လေ့လာကြည့်ရှု
Sep 10,2025
‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်‌မြေမြို့နယ်တွင် LCIS International Preschool ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မီးသတ်ဦးစီးဌာနရှိ မီးငြှိမ်းသတ်ရေးပစ္စည်းများ၊ ရှာဖွယ်ကယ်ဆယ်ရေးသုံးပစ္စည်းများအား စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း မြန်မာလက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းနှင့် အာဖဂန်နစ္စတန်လက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းတို့၏ ၂၀၂၆ ယူ-၂၃ အာရှဖလားခြေစစ်ပွဲစဉ်ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး
Sep 10,2025
မြန်မာလက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းနှင့် အာဖဂန်နစ္စတန်လက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းတို့၏ ၂၀၂၆ ယူ-၂၃ အာရှဖလား ခြေစစ်ပွဲစဉ်ကို ယမန် နေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
သံတောင်ကြီးဒေသထွက် ချဉ်ပေါင်ဖာလာသီးအထွက်နှုန်းကျဆင်းသည့်အတွက် ဈေးကောင်းရရှိရန် မျှော်လင့်
Sep 10,2025
ကရင်ပြည်နယ်၊  သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး  ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ်   ဉယျာဉ်ခြံလုပ်ငန်းများဖြစ်သည့်ကွမ်းသီး၊  တညှင်း၊ ဒူးရင်း၊  ကော်ဖီ၊ မင်းကွတ်  စသည်တို့ကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ  ဖာလာစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ယခုနှစ်တွင် မြေပြိုမှုကြောင့်  ဉယျာဉ်ခြံမြေများပျက်စီးခြင်း၊  မိုးများပြီးဖာလာအသီးများ ပျက်စီးခြင်းတို့ကြောင့် ချဉ်ပေါင်ဖာလာသီးများ အထွက်နှုန်းလျော့နည်းသည့်အတွက်  ဈေးကောင်း ရရှိရန်မျှော်လင့်လျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများ ငှားရမ်းပေး
Sep 10,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များအတွင်းတွင် နံနက် (၉) နာရီမှ ညနေ (၄:၃၀) နာရီထိ စာအုပ်စာစောင် သုတ/ရသ၊ ဗဟုသုတရရှိစေသည့် စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ စက်တင်ဘာ ၉ ရက်နေ့ နေ့လယ် (၁၂) နာရီကျောင်းဆင်းချိန်နှင့် ညနေ (၃:၃၀) နာရီ ကျောင်းဆင်းချိန်များတွင် ကျောင်းသား/ ကျောင်းသူများနှင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက စာကြည့်တိုက်တွင်းသို့ စာအုပ်/ စာစောင်များ နေ့စဉ်လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိကြောင်း သိရသည်။
လိပ်သိုဒေသထွက် တောင်ပေါ်ငရုပ်သီးစိမ်းများ ဈေးကောင်းရရှိ
Sep 10,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ဥယျာဉ်ခြံလုပ်ငန်းကိုသာ အဓိကထား စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် မိမိတို့၏ တောင်ယာခင်းများတွင် ငရုပ်ပင်များကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားလျက်ရှိနေကြောင်း သိရသည်။