သတင်းများ

ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိသည့် အစေ့ထုတ်ပြောင်းများကို ပုသိမ်စက်မှုဆိပ်ကမ်းမှတစ်ဆင့် ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းသို့ တင်ပို့ရန် အစီအစဉ်နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ရှင်းလင်းတင်ပြ
May 24,2026
Strategy Win Trading ကုမ္ပဏီလီမိတက်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိသည့် အစေ့ထုတ်ပြောင်းများကို ပုသိမ်စက်မှုဆိပ်ကမ်းမှတဆင့် ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းသို့ တင်ပို့ရန် အစီအစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို မေလ ၂၂ ရက်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး ပုသိမ်မြို့ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး
May 24,2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးသည် ယမန်နေ့ နံနက်ပိုင်း၌ ပုသိမ်မြို့ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
May 24,2026
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မေလ ၂၂ ရက်နေ့က ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ပေါင်းတည်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းဟောင်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ဆောင်ရွက်
May 24,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းဟောင်းများကို လစဉ်ပုံမှန်ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိရာ မေ ၂၁ ရက်က ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းသန်းချစ် ဦးဆောင်ကြီးကြပ်၍ လက်ထောက်ဆရာဝန်များ၊ ကျန်းမာရေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက ရောက်ရှိလာကြသော အငြိမ်းစားဝန်ထမ်းဟောင်းများအား ကျန်းမာရေးအခြေအနေနှင့် ရောဂါအခြေအနေများ စမ်းသပ်စစ်ဆေးပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများ အခမဲ့ထောက်ပံ့ပေးအပ်ခြင်း၊ ဆေးထိုးနှံခြင်း၊ လမ်းညွှန်‌ပေးခြင်းများဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြကြောင်း သိရသည်။
နောင်မွန်းမြို့နယ်၌ တောင်ကမ်းပါးယံပြိုကျမှုကြောင့် မော်တော်ယာဉ်များ သွားလာရေး အခက်အခဲကြုံတွေ့နေရ
May 24,2026
ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းမှုကြောင့် ပူတာအို-မချမ်းဘော့-‌‌နောင်မွန်းကားလမ်းမ‌ပေါ်တွင် တောင်ကမ်းပါးယံပြိုကျမှုကြောင့် မေလ ၂၃ ရက် နံနက်ပိုင်းမှ စတင်ပြီးလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ကဝမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
May 24,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှု လုပ်ငန်းဦးစီးဌာနမှ အသေးစားစက်မှုထုတ်ကုန်များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်းမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ (၂၂) ရက်နေ့နံနက် (၉) နာရီအချိန်က ကဝမြို့နယ် ကမ်းနားကျောင်း ကျောင်းတိုက်၌ ကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု
May 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ​အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ၊ ချောင်းများနှင့် မြစ်ထွက် ပေါက်များအားရှင်းလင်းခြင်း၊ အမှိုက်များဆယ်ယူခြင်းနှင့် စက်ယန္တရားကြီးများဖြင့် တူးဖော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့်အဖွဲ့ဝင်များ ကွင်းဆင်း​ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တွံတေးတူးမြောင်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် အဆောက်အဦးနှင့် မြေနေရာများအတွက် နစ်နာကြေးပေးအပ်
May 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တွံတေးတူးမြောင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် ဆိပ်ကြီးအနောက်၊ ခနောင်တိုအရှေ့နှင့် သခင်ဘသောင်းရပ်ကွက်တို့တွင် တွံတေးတူးမြောင်းပိုင်မြေနေရာရှိ အဆောက်အဦနှင့် မြေနေရာများအတွက် နစ်နာကြေးပေးအပ်ခြင်းကို မေလ ၂၂ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။