သတင်းများ

ဒေးဒရဲမြို့၌ အွန်လိုင်းလိမ်လည်မှုဖြစ်စဥ်များ မဖြစ်ပွားစေရေး အသိပညာပေးဟောပြော
Sep 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အွန်လိုင်းလိမ်လည်မှုဖြစ်စဥ်များ မဖြစ်ပွားစေရေးနှင့် ကြိုတင်သတိထားဆောင်ရွက်ရမည့် နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ကျောင်းအခြေပြုအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီက အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းတ‌နော်မြို့၌မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြခြင်းများ ဆောင်ရွက်
Sep 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျုံတုံးကြီးကျေးရွာအုပ်စု၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ FAMOUS (SBP) Energy စက်သုံးဆီအရောင်းဆိုင်တွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ် ပြခြင်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကသာမြို့ဘုန်းတော်ကြီးသင် အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်ဖွင့်ပွဲပြုလုပ်
Sep 09,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ဘုန်းတော်ကြီးသင် အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူများစာ‌ပေဗဟုသုတများ‌ လေ့လာဖတ်ရှုနိုင်ရန်၊ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်ကို ယနေ့နံနက်(၁၁)နာရီအချိန်က ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
ဒလမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ
Sep 09,2025
ဒလမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအပါအဝင် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ဒလမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ် သင်္ဂတုံကျေးရွာ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေး
Sep 09,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန် ရည်ရွယ်ကာ အသိပညာပေးခြင်းများ၊ လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်‌ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီက သင်္ဂတုံကျေးရွာဓမ္မာရုံ၌ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းပြုလုပ်
Sep 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏လမ်းညွှန်မှုဖြင့် ရွှေနားပန်ဘုရားဓမ္မာရုံတွင် (ဇ-မြောက်)ရပ်ကွက်ရှိ ရပ် ကွက်နေပြည်သူများအား သင်္ဃန်းကျွန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲဆန္ဒရှင်ပြည်သူများအား MEVM  မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဥ်အား ယနေ့နံနက် ၉း၃၀ အချိန်မှ ညနေ ၃း၀၀ အချိန်ထိ ကျင်းပပြုလုပ်မည်ဟုသိရသည်။
နတ်တလင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်
Sep 09,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 09,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၉ ရက်နံနက် ၁၀  နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။