သတင်းများ

ပန်းဘဲတန်းမြို့နယ် မြို့နယ်စာရေးဆရာအသင်း၏စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေးနှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲကျင်းပ
May 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် စာရေးဆရာအသင်း၏ ၂၀၂၆ ခုနှစ်အတွက် စတုတ္ထအကြိမ် ညီလာခံသက်တမ်းအတွက် အမှုဆောင်ရွေးချယ်ပွဲကို ယနေ့မွန်းလွဲ (၁း၃၀) အချိန်က အမှတ် (၁၃၉)၊ မြေညီထပ်၊ (၄၂) လမ်းအထက်၊ ဗိုလ်တထောင်မြို့နယ်တွင် ကျင်းပခဲ့သည်။
တာမွေမြို့နယ် ဂီတအစည်းအရုံး အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
May 24,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ဂီတအစည်းအရုံး အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၂၂ ရက်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအို၌ ကျောင်းအပ်နှံရေးရက်သတ္တပတ် အထိမ်းအမှတ် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူပွဲ၊ ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 24,2026
မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဆီထွက်သီးနှံ ဆီမုန်ညှင်းစိုက်ဧက တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၂၂ ရက် နံနက် ၇ နာရီက အခြေခံပညာအထက်တန်းကျောင်း (ပူတာအို) ကျောင်းရှေ့၌ ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တာချီလိတ်မြို့ရှိ ကုန်သွယ်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
May 24,2026
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက် (၇) နာရီက တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအမှတ် (၂)သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာ One Stop Service (OSS) အဖွဲ့များအား တွေ့ဆုံ၍ ပို့ကုန်သွင်းကုန်လုပ်ငန်းများ မှန်ကန်မှုရှိစေရေး စနစ်တကျစိစစ်ရန်၊ ပို့ကုန်၊ သွင်းကုန် လုပ်ထုံးလုပ်နည်းများအတိုင်းဆောင်ရွက်ရန်၊ လိုင်စင်တွင်ပါသည့် အမျိုးအစား၊ တန်ချိန်အတိုင်းဖြစ်စေရေး ကြပ်မတ်ရန်နှင့် တရားမဝင်တင်ပို့တင်သွင်းခြင်းများမရှိစေရေး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။
ဥပဒေရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်မည့် ပြည်သူ့အတွက် ကြိုးပမ်းချက်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနား ကျင်းပ
May 24,2026
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့် ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက် ကြိုးပမ်းချက်များနှင့်စပ်လျဉ်း၍ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမအဝင်/ အထွက် လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့နယ်များတွင် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 24,2026
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိ ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမဆောင်ရှေ့ အဝင်/အထွက်လမ်းဆောင်ရွက်နေမှု၊ လူသွားစင်္ကြန် ဆောင်ရွက်နေမှု၊ AC ကတ္တရာ ခင်းကျင်းနေမှု၊ မြက်များစိုက်ပျိုးနေမှု၊ ရေစီးရေလာ ကောင်းမွန်စေရန် ဆောင်ရွက်ထားရှိမှုနှင့် ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် သစ်ပင်များ စိုက်ပျိုးထားရှိမှု၊ သစ်ပင်များ စိုက်ပျိုးမည့်မြေနေရာများနှင့် ဘွဲ့နှင်းသဘင်ခန်းမအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဆက်သွယ်ရေးဖိုင်ဘာကြိုးများ ရှင်းလင်းနေမှုအား ကြည့်ရှုစစ်ဆေး
May 24,2026
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ဆက်သွယ်ရေးဖိုင်ဘာကြိုးများ ရှင်းလင်းနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ
May 24,2026
အသေးစား၊ အငယ်စားနှင့် အလတ်စား MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ MYANMAR PLAZA တွင် ကျင်းပသည်။