ကျောင်းကုန်း စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ဆက်သွယ်ရေးလိမ် လည်မှုတိုက်ဖျက်ရေးအသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေးဗီဒီယိုပြသခြင်းကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုက ဆက်သွယ်ရေးဥပဒေဆိုင်ရာအမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်များ၊ ဆက်သွယ်ရေးနည်းပညာများကို အသုံးပြု၍ လိမ်လည်မှုဖြစ်စဉ်များ၊ အွန်လိုင်းလိမ်လည်မှု ပြစ်မှု/ပြစ်ဒဏ်များအကြောင်းတို့ကို ပြောကြားခဲ့ပြီး၊ လန်ချန်-မဲခေါင်တရားဥ ပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (LMLECC) မှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင် ရာအသိပညာပေး Video Clip ကို ကျောင်းသား/သူများအား ပရိုဂျက်တာဖြင့် ပြသပေးခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးနှင့် အတွင်းရေးမှူးရဲမှူး အောင်နိုင်ဦး၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုနှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/မများ၊ ကျောင်းသား/သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင် (ပြန်/ဆက်)