အင်္ဂပူ စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ အစည်းဝေးခန်းမတွင် စက်တင်ဘာလ ၈ ရက်နေ့တင် ၂၀၂၅- ၂၀၂၆ ခုဘဏ္ဍာရေးနှစ်အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲ ပြုလုပ်ခဲ့သည်။
ဦးစွာမြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်တင်အောင် (ဒုတိယညွှန်ကြားရေးမှူး)နှင့် အင်္ဂပူမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးတို့က အဖွင့် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းနိုင် (လက်ထောက်ညွှန်ကြားရေးမှူး)က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦးပြည့်ဖြိုးပိုင်က အမျိုးသမီး ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးသူငယ် အလုပ်သမားပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမှ သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်တင်အောင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်သင်းသင်းနိုင်နှင့်ဝန်ထမ်းများ၊ သင်တန်းနည်းပြနှင့် သင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းကာလ(၁)လကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)