ခေါင်လန်ဖူး ဇူလိုင် ၂၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့တွင် “မြန်မာအားကစား ကမ္ဘာကိုလွမ်းရမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် ကျောင်းသားကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရန်အတွက် ကျောင်းတွင်းအားကစားလှုပ်ရှားမှုတစ်ရပ်ကို ဇူလိုင် (၂၂) ရက် နံနက်ပိုင်းက ခေါင်လန်ဖူးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ပြီး အလှူငွေနှင့်စာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျောင်းသားကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရန်အတွက် ကိုယ်ကာယလေ့ကျင့် ခန်းများနှင့်Physical Fitness Dance အကများဖြင့် ကျောင်းတွင်းအားကစားလှုပ်ရှားမှုပြုလုပ်ရာသို့ ရှေ့တန်း အမှတ် ခလရ (၁၃၈) ဒု-တပ်ရင်းမှူး ဗိုလ်မှူးဇာနည်အောင် ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနိုင်လင်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းတန်၊ မြို့နယ်လဝကဦးစီးမှူး ဦးသန်းဦးနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ဦးညိုလင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/မများကကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ရှေ့တန်းအမှတ် ခလရ (၁၃၈) ဒု-တပ်ရင်းမှူး ဗိုလ်မှူးဇာနည်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနိုင်လင်းဦးတို့က ကျောင်းအတွက် အလှူငွေကျပ်နှစ်သိန်းနှင့် စာရေးကိရိယာများဖြစ်သည့် ဗလာစာအုပ်၊ ခဲတံ၊ မြေဖြူ၊ ခဲဖျက်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်မော်က လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)