ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာစီစာကုံးရေးသားနည်းသင်တန်းဖွင့်လှစ်

ကြံခင်း ဇူလိုင် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စာစီစာကုံးရေးသားရာတွင် ဆောင်ရန်၊ ရှောင်ရန်များ၊ မှားတတ်သည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်စေရန်နှင့် သင်တန်းများဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ Book Club အဖွဲ့ဝင် စာရေးဆရာ မိုးမြေသစ္စာက သင်တန်းသား၊ သူများအား သင်တန်းတွင် သေချာစွာလေ့လာမှတ်သားကြရန်နှင့် ဂရုတစ်စိုက် သင်ယူကြရန် ပြောခဲ့သည်။ ထို့နောက် သင်တန်းကို ဆက်လက်ပို့ချပေးခဲ့ရာ အခြေခံစာစီစာကုံးရေးသားနည်းကို ရှင်းလင်းသင်ပြပေးခဲ့သည်။

အဆိုပါသင်တန်းကို ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ စာတွေ့လက်တွေ့ဖြင့် နံနက် ၇ နာရီမှ ၈ နာရီအထိလည်းကောင်း၊ ညနေ ၄ နာရီမှ ၅ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးဝေလင်း