မြောင်းမြ ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးဇာတ်တိုက်လေ့ကျင့်မှုများကို ယနေ့မွန်းလွဲ ၂ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြောင်းမြ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးသရုပ်ပြခြင်းနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ပူးပေါင်းကူညီကယ်ဆယ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို မြောင်းမြ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)