ကျောင်းကုန်း ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအ ထက်တန်းကျောင်း၊ ဂါဒီယန် ဦးစိန်ဝင်းခန်းမ၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပ ညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်းက သဘာဝဘေးအန္တရာယ်ဆိုတာ လူတို့၏ကြိုးစားအားထုတ်မှုကြောင့်မဟုတ်ပဲ သဘာဝတရားကြောင့် ဖြစ်ပွားသောအန္တရာယ်ကိုဆိုလိုကြောင်း၊ သဘာဝဘေးအန္တရာယ်များမှာ မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မြေပြိုဘေးစသည့်အန္တရာယ်များ ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရေးဆိုင်ရာအသိပညာ ပေးဟောပြောခဲ့ပြီး၊ မီးသတ်ဦးစီးဌာနမှ "သဘာဝဘေးများ ညီညွတ်မှုဖြင့်ကျော်သွား" ၊ "သတိပြု၍ ပြင်ဆင်ကာကွယ်ရေကြီးရေလျှံသဘာဝဘေးအန္တရာယ်"စသည်ဖြင့် အသိပညာ ပေး တိုက်တွန်းနှိုးဆော်ထားသည်။
ထို့နောက် ရေဘေးအန္တရာယ်အတွက် အသက်ကယ်အင်္ကျီဝတ်ဆင်ပုံကို လက်တွေ့သရုပ်ပြ ဝတ်ဆင်ပြသခဲ့ကြပြီး၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)