ဟင်္သာတမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုပွဲ အခမ်းအနား ပြုလုပ်

ဟင်္သာတ ဇူလိုင်   ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ အမှတ် () အခြေခံပညာအထက်တန်းကျောင်း ပြည်ထောင်စုခန်းမ၌ ဇူလိုင်လ ၂၂ ရက် နံနက် ၁၀ နာရီက ဟင်္သာတမြို့နယ် ၂၀၂၅ ခုနှစ်၊ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လူရည်ချွန်မောင်မယ်များမှ အဖွင့်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အမှာစကားပြောကြားရာတွင်ယနေ့သည် ဟင်္သာတမြို့နယ်ရဲ့ ပညာရေးအဆင့်အတန်း၊ ပညာရေးကဏ္ဍမြင့်မားကြောင်းကို ပြသနိုင်တဲ့ပွဲဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ လူရည်ချွန်မောင်မယ်များတွင် ဟင်္သာတမြို့နယ်အနေဖြင့်  စုစုပေါင်း () ဦး ရွေးချယ်ခံရတဲ့အတွက် လွန်စွာ ဝမ်းမြောက်ဂုဏ်ပြုကြောင်း၊  ဟင်္သာတမြို့ရဲ့ ဂုဏ်ဆောင်နိုင်ဖို့ လူရည်ချွန် ()ဦးကို မွေးထုတ်ပေးနိုင်တဲ့ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ မိဘများ၊ လူရည်ချွန်မောင်/မယ်များကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်းနှင့် ယခုနှစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင်လည်း ဟင်္သာတမြို့နယ်အနေဖြင့် လူရည်ချွန်များ ဒီထက်များစွာ ထွက်ပေါ်နိုင်အောင် ဆက်လက်ကြိုးစားပေးကြရန်စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ခရိုင်ပညာရေးမှူး ဆရာကြီးဦးတိုးဝင်းက လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်း နှင့် တာဝန်ရှိသူများက  လူရည်ချွန်မောင်()ဦး၊ လူရည်ချွန်မယ်()ဦးတို့အား လူရည်ချွန်ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆုများ၊ ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ သုံးထပ်ကွမ်းလူရည်ချွန် မဖူးဟေသာဖြိုးက လူရည်ချွန်တစ်ယောက်ဖြစ်အောင် ကြိုးစားဆောင်ရွက်လေ့ကျင့်ခဲ့ရပုံများနှင့် လူရည်ချွန်အတွေ့အကြုံများကို ရှင်းလင်းတင်ပြခြင်း၊ နှစ်ထပ်ကွမ်းလူရည်ချွန် မဝင်းစုဟန်ကဂုဏ်ပြပွဲ ကျင်းပပေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့ကြပြီး  လူရည်ချွန်မောင်မယ်များက "ကျွန်တော်ရည်မှန်းချက်" သီချင်းဖြင့် သီဆိုဂုဏ်ပြုခြင်း၊ တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဆရာကြီးဦးတိုးဝင်းနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထက်တန်း၊ အလယ်တန်းနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ လူရည်ချွန် မောင်မယ်များ၊ ကျောင်းသား/သူများ၊ (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟင်္သာတ (ပြန်/ဆက်)