သတင်းများ

ပေါင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရရှိသူ (၄၂)ဦးရှိပြီး အောင်မြင်သူ (၃၉၇)ဦးရှိ
Jul 28,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ယမန်နေ့နံနက် ၆ နာရီမှစတင်၍ မြို့နယ်ပညာ‌ရေးမှူးရုံးနှင့် စာစစ်ဌာနများ၌ ထုတ်ပြန်ထားခဲ့ရာ ပေါင်မြို့နယ်အတွင်း၌ ဂုဏ်ထူးရရှိသူ (၄၂)ဦးရှိပြီး အောင်မြင်သူ (၃၉၇)ဦးရှိကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jul 28,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်အောင်စာရင်းကို ယမန်နေ့နံနက် ၆ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာန ၆ ခုတို့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
တနိုင်းမြို့နယ်တွင် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌  ၄ ဘာသာ ဂုဏ်ထူးရှင်၊ ၃ ဦး ၃ဘာသာ ဂုဏ်ထူးရှင် အပါအဝင်ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၉၂ ဦး ဖြေဆိုအောင်မြင်
Jul 28,2025
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက အထက(၁)တနိုင်းစာစစ်ဌာနနှင့် အထက ရှင်ဗွေယန် စာစစ်ဌာနတွင်ထုတ်ပြန်ကြေညာခဲ့ရာကျောင်းသားကျောင်းသူစုစုပေါင်း  ၁၉၂ ဖြေဆိုအောင်မြင်ခဲ့ကြောင်းသိရသည်။
ကျုံပျော်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာနှုန်း ၅၁.၀၆ ရာခိုင်နှုန်းရရှိ  
Jul 28,2025
ပြည်ထောင်စု မြန်မာနိုင်ငံ၏ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်က စာစစ်ဌာန အသီးသီးတွင် ထုတ်ပြန်ကြေငြာခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၌ ၅၁.၀၆ ရာနှုန်းအောင်မြင်ခဲ့ပြီး၊ ၆ ဘာသာဂုဏ်ထူးရှင် ၂ ဦး ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့နယ်တွင်၂၀၂၅ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ၃၉ ရာခိုင်နှုန်းကျော် အောင်မြင်
Jul 28,2025
၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ‌ အောင်စာရင်းကို ဇူလိုင်(၂၇)ရက် နံနက်ပိုင်းကထွက်ရှိရာ တက္ကသိုလ်ဝင်စာမေးပွဲ ‌‌ဖြေဆိုအောင်မြင်သူ (၃၉)ရာခိုင်နှုန်း‌ကျော်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဒူးရင်းဆိပ်ကျေးရွာ အနိမ့်ပိုင်းလူနေရပ်ကွက်များအတွင်း ရေဝင်ရောက်လာသောကြောင့် ဘေးလွတ်ရာပြောင်းရွှေ့နေထိုင်
Jul 28,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယနေ့နံနက်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒုံသမိချောင်းရေမြင့်တက်ကာ ဒူးရင်းဆိပ်ကျေးရွာအနိမ့်ပိုင်း ချောင်းကမ်းနံဘေး လူနေရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လာရာ ရေလွှမ်းမိုးခံပြည်သူများအား တာဝန်ရှိသူတို့က ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရာချထားပေးလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ် ကျီတော်ကုန်းအ‌ခြေခံပညာ မူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာအသိ ပညာပေးဟောပြော
Jul 28,2025
 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီက ကျီတော်ကုန်း အ‌ခြေခံပညာ မူလတန်းလွန်ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဟုမ္မလင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန် အောင်ချက် ၃၁.၉၆ ရာခိုင်နှုန်းရှိ
Jul 28,2025
စစ်ကိုင်း တိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီမှ စ၍   မြို့နယ်ပညာရေးမှူးရုံး၊   အ ထ က (၁)စာစစ်ဌာန၊   အ ထ က(၂) စာစစ်ဌာနများတွင်   ထုတ်ပြန်ကြေငြာခဲ့ကြောင်းသိရသည်။