သတင်းများ

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျိုက္ကော်ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ် ရေကျော်
Jul 29,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ဇူလိုင် ၂၇ ရက်နေ့ နံနက်က ကျိုက္ကော်ရပ်ကွက် မြို့မဈေးအရှေ့ရှိ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမပေါ် ရေကျော်ကာ ယာဉ်များအသွားအလာခက်ခဲမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် အငြိမ်းစားဝန်ထမ်းများအား Smart Card များ ပြုလုပ်ပေးနေမှု ကြည့်ရှုစစ်ဆေး၍ အစည်းအဝေးများ တက်ရောက်
Jul 29,2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)၌ ယမန်နေ့နံနက်ပိုင်းက ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား ကိုယ်ရေးအချက်အလက် (Biographic)၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် Smart Card များ ဆောင်ရွက်ပေးနေမှုတို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ (၄၇၂) ဦးရှိ၍ အောင်ချက်ရာခိုင်နှုန်း (၄၃.၁၁) ရှိ
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၈) ခုမှ ဝင်ရောက်ဖြေဆိုသူ (၁၀၉၅) ဦးရှိပြီး အောင်မြင်သူ (၄၇၂) ဦးရှိသဖြင့် (၄၃.၁၁) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်
Jul 29,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ မိုးစပါး ပန်းတိုင်အထွက်ရရှိရေး သရုပ်ပြစိုက်ပျိုး
Jul 29,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးသီးနှံ အဓိကစိုက်ပျိုးကြပြီး မိုးစပါး ပန်းတိုင်အထွက်ရရှိရေးအတွက် သရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက် ၉ နာရီက တပ်ကုန်းကျေးရွာ၊ ကွင်းမှတ် (၄၉၅) တောင်သူ ဦးမင်းနိုင်၏ လယ်မြေ၌ ကျင်းပသည်။
ရေကြည်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ(၄၂) ဒသမ (၉၅) ရာခိုင်နှုန်းရှိ
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပညာ ရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာခဲ့ရာမြို့နယ် အတွင်းဖြေဆိုသူစုစုပေါင်း (၁၀၅၀)ဦးဖြေဆိုခဲ့ပြီး‌ အောင်မြင်သူ (၄၅၁)ဦးဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ (၄၂) ဒသမ (၉၅) ရာခိုင်နှုန်းအောင်မြင် ခဲ့ကြောင်းသိရသည်။   
ဝါးခယ်မတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူ ၇၅ ဦး၊ အောင်ချက် ၄၇ ဒသမ ၅၆  ရာခိုင်နှုန်းရှိ
Jul 29,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူများစာရင်းကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ဇူလိုင်လ(၂၇)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပြန်ခဲ့ရာ ဝါးခယ်မမြို့တွင် ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၇၅ ဦး၊ အောင်ချက် ၄၇ ဒသမ ၅၆  ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စစ်ကိုင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန် အောင်ချက် ၄၆.၇၂ ရာခိုင်နှုန်းရှိ
Jul 29,2025
စစ်ကိုင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်များကို ဇူလိုင်လ ၂၇ နံနက် ၆ နာရီမှ စ၍ မြို့နယ်ပညာရေးမှူးရုံး၊ အ.ထ.က(၁)စာစစ်ဌာန၊ အ.ထ.က(၃) စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။