ကျုံပျော်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာနှုန်း ၅၁.၀၆ ရာခိုင်နှုန်းရရှိ  

ကျုံပျော် ‌ဇူလိုင်  ၂၈

ပြည်ထောင်စု မြန်မာနိုင်ငံ၏ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်က စာစစ်ဌာန အသီးသီးတွင် ထုတ်ပြန်ကြေငြာခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၌ ၅၁.၀၆ ရာနှုန်းအောင်မြင်ခဲ့ပြီး၊ ၆ ဘာသာဂုဏ်ထူးရှင် ၂ ဦး ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ကျုံပျော်မြို့နယ်တွင် စာစစ်ဌာန (၁၁)ခု ဖြင့် ဖွင့်လှစ် စစ်ဆေးခဲ့ရာ၊ ကျောင်းသား၊ ကျောင်းသူ (၁၀၈၉)ဦး ဝင်ရောက် ဖြေဆိုခဲ့ပြီး၊ (၅၅၆)ဦး အောင်မြင်ကာ ၊ (၆)ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၅) ဘာသာ ဂုဏ်ထူးရှင် (၂)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် (၁၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁၄)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁၄)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၂၉)ဦး ၊ စုစုပေါင်း ဂုဏ်ထူးရှင် (၇၂)ဦး ထွက်ပေါ်ပြီး၊ ဘာသာရပ်အလိုက် ဂုဏ်ထူး ရရှိသူ မြန်မာစာ(၂၆) ဦး၊ အင်္ဂလိပ်စာ (၂) ဦး၊ သင်္ချာ (၉) ဦး၊ ဓာတုဗေဒ(၂၁)ဦး၊ ရူပဗေဒ(၂၉)ဦး၊ ဇီဝဗေဒ၊ (၂၆) ဦး၊‌ဘောဂဗေဒ (၂၅)ဦး၊  ပထဝီ(၁၇) ဦး၊ သမိုင်း (၁၀) ဦး ရရှိခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)