သတင်းများ

ကန့်ဘလူမြို့နယ်မှ ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ၇၅ ဒသမ ၈၉ ရာခိုင်နှုန်းအောင်မြင်
Jul 29,2025
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇူလိုင် ၂၇ ရက်က တစ်နိုင်လုံးအတိုင်းအတာဖြင့် ထုတ်ပြန်ကြေငြာခဲ့ရာ စစ်ကိုင်း တိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မှ ဝင်ရောက် ဖြေဆိုသူပေါင်း ၈၇၁ ဦးရှိးခဲ့ ပြီး ဖြေဆိုအောင်မြင်သူပေါင်း ကျောင်းသား ၂၈၁ ဦး၊ကျောင်းသူ ၃၈၀ ဦး စုစုပေါင်း ၆၆၁ ဦးရှိကာ အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၇၅ ဒသမ ၈၉ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မျက်စိဝေဒနာရှင်များအား စမ်းသပ်ခွဲစိတ်ကုသပေးနေမှု၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိ၊ MSMEs လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု
Jul 29,2025
သဲဖြူတောရဓမ္မရိပ်သာ ဆရာတော်ကြီးဦးဆောင်၍ ဟုမ္မလင်းမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ မျက်စိဝေဒနာရှင်များအား စက္ခုဒါနအလှူတော် ဒုတိယနေ့အဖြစ် ဇူလိုင်လ(၂၇)ရက်နေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့၊ ကုတင် ၁၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးတွင် စမ်းသပ်ခွဲစိတ် ကုသပေးလျက်ရှိကြောင်း သိရသည်။
ရွှေသောင်ယံမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ.ထ.က(ရွှေသောင်ယံ)စာစစ်ဌာနတွင် ၂၀၂၅ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ရာ ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူဦးရေ (၆၄)ဦးအနက် (၂၂)ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်ရှိ စာစစ်ဌာနများ၌ ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာနများ၌ ဇူလိုင်လ ၂၇ ရက်နေ့ နံနက် (၆) အချိန်မှစ၍ ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ချောင်းသာမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းထုတ်ပြန်
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင်  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို အ.ထ.က-ချောင်းသာစာစစ်ဌာန၌ ယမန်နေ့နံနက် (၄)နာရီကစတင်၍ ထုတ်ပြန် ကြေညာပေးထားကြောင်း သိရသည်။
မုံရွာမြို့တွင် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်
Jul 29,2025
၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇူလိုင် ၂၇ ရက်နေ့ နံနက် ၆ နာရီက  တစ်ပြည်လုံးတွင် တစ်ပြိုင်တည်းထုတ်ပြန်ကြေညာခဲ့ရာ မုံရွာမြို့၊  မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်းများ၌ ထုတ်ပြန်‌ကြေညာခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၄၂.၂၂ ရာခိုင်နှုန်းရှိကြောင်းသိရသည်။
ဘိုကလေးမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင်  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ယမန်နေ့ နံနက် (၄)နာရီကစတင်၍ ထုတ်ပြန်ကြေညာပေးထားပြီး ဘိုကလေးမြို့နယ်၏ အောင်ချက် ရာခိုင်နှုန်းမှာ (၄၃.၇၂) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
မိုးကောင်းမြို့နယ်တွင် ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူ ၅၂ ဒဿမ ၂၅ ရာခိုင်နှုန်းခန့်ရှိ
Jul 29,2025
၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူစာရင်းကို မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနတို့၌ ဇူလိုင်(၂၇)ရက်နံနက်ပိုင်းတွင် ထုတ်ပြန်ထား ပြီဖြစ်ရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်လည်း မြို့နယ်ပညာရေးမှူးရုံးနှင့် အထက(၁)စာစစ်ဌာန၊ အထက-နမ္မတီးနှင့် အထက-ပင်းဘောတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူစာရင်းကို ထုတ်ပြန်ထားကြောင်းသိရသည်။