ပေါင် ဇူလိုင် ၂၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ယမန်နေ့နံနက် ၆ နာရီမှစတင်၍ မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနများ၌ ထုတ်ပြန်ထားခဲ့ရာ ပေါင်မြို့နယ်အတွင်း၌ ဂုဏ်ထူးရရှိသူ (၄၂)ဦးရှိပြီး အောင်မြင်သူ (၃၉၇)ဦးရှိကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.ကပေါင်၊ အ.ထ.က ဇင်းကျိုက်၊ အ.ထ.က မုတ္တမစာစစ်ဌာနတို့၌ကျင်းပခဲ့ရာ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၆၄၇ဦးရှိပြီး ၃၉၇ဦးအောင်မြင်ကြောင်း၊ အောင်မြင်သူများအနက် ၄ ဘာသာဂုဏ်ထူးရှင် ၃ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၅ဦး၊၂ ဘာသာဂုဏ်ထူးရှင် ၁၄ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၂၁ဦး၊ စုစုပေါင်း ဂုဏ်ထူးရရှိသူ ၄၂ဦးရှိပြီး မြို့နယ်၏အောင်ချက်ရာခိုင်နှုန်းမှာ ၆၁.၃၆ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မွန်မလေး (ပြန်/ဆက်)