ဟုမ္မလင်း ဇူလိုင် ၂၈
စစ်ကိုင်း တိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီမှ စ၍ မြို့နယ်ပညာရေးမှူးရုံး၊ အ ထ က (၁)စာစစ်ဌာန၊ အ ထ က(၂) စာစစ်ဌာနများတွင် ထုတ်ပြန်ကြေငြာခဲ့ကြောင်းသိရသည်။
ဟုမ္မလင်းမြို့နယ်တွင် စာစစ်ဌာန (၅) ခုဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခဲ့ရာ ဟုမ္မလင်းစာစစ်ဌာန အ.ထ.က (၁)၌ (၅၇၈)ဦး ဖြေဆိုရာတွင်၊ အောင်မြင်သူ (၂၂၆) ဦး ဟုမ္မလင်းစာစစ်ဌာန အ.ထ.က (၂) ၌ (၂၃၆)ဦးဖြေဆိုရာ၊ အောင်မြင်သူ (၇၂) ဦး၊ ကက်သာစာစစ်ဌာန၌ (၂၄၉) ဖြေဆိုရာတွင် (၉၉) ဦး အောင်မြင်၍ မောင်းခမ်းစာစစ်ဌာန၌ (၂၅၇) ဦးဖြေဆိုရာတွင် (၄၁) ဦးအောင်မြင်၍၊ ထမံသီစာစစ်ဌာန၌ (၆၀) ဦးဖြေဆိုရာတွင် (၃)ဉီးအောင်မြင် ခဲ့ကြောင်းနှင့် စုစုပေါင်း ၁၃၈၀ ဦးဖြေဆိုခဲ့ရာ (၄၄၁)ဦး အောင်မြင်ခဲ့ကြောင်းသိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများမှာ ၄ ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် (၁၁) ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် (၁၂) ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် (၄၅) ဦးရှိပြီ အောင်ချက်ရာနှုန်း (၃၁.၉၆) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှသိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)