မြစ်သားမြို့နယ် ကျီတော်ကုန်းအ‌ခြေခံပညာ မူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာအသိ ပညာပေးဟောပြော

 မြစ်သား  ဇူလိုင်   ၂၈

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီက ကျီတော်ကုန်း အ‌ခြေခံပညာ မူလတန်းလွန်ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် ကျီတော်ကုန်းအ‌ခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဝင်းက အမှာစကားပြောကြားပြီး လူငယ်နှင့်စည်းကမ်းအကြောင်းကိုဟောပြောခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က လူငယ်ရေးရာဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားကာ လူငယ်နှင့်မူးယစ်‌ဆေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းဟောပြောသည်။ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထား‌သော ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်နှင့် သဘာဝဘေးအန္တရာယ် အကြောင်းသိကောင်းစရာနံရံကပ်စာစောင်များကိုကြည့်ရှုခဲ့ကြပြီး ဆက်လက်၍‌ ခင်းကျင်းပြသထားသည့် စာအုပ်စာ‌စောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

ဝါဝါမြင့် (မြစ်သား)