ရေတာရှည်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

ရေတာရှည် ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်အောင်စာရင်းကို ယမန်နေ့နံနက် ၆ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာန ၆ ခုတို့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကိုစာစစ်ဌာန(၆)ခု၌ ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသူ၊ ကျောင်းသား(၁၁၂၂)ဦးရှိပြီး အောင်မြင်သူ (၅၆၀)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၃၇)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၁၀)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၄)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၁)ဦး၊ စုစုပေါင်းဂုဏ်ထူးရကျောင်းသူ၊ ကျောင်းသား(၅၂)ဦး၊ ရိုးရိုးအောင်မြင်သူ(၅၀၈)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၄၉.၉၁ ရှိကြောင်း ပညာရေးမှူးရုံးမှသိရသည်။

မြို့နယ်(ပြန်/ဆက်)