ဖားကန့် ဇူလိုင် ၂၈
၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇူလိုင်(၂၇)ရက် နံနက်ပိုင်းကထွက်ရှိရာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ (၃၉)ရာခိုင်နှုန်းကျော်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဖားကန့်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြသည့် ကျောင်းတွင်း ဖြေဆိုသူနှင့် ကျောင်းပြင်ပဖြေဆိုသူ ဖားကန့်မြို့အခြေခံပညာအထက်တန်း ကျောင်းစာစစ် ဌာနတွင် (၂၈၁)ဦး ဖြေဆိုခဲ့ရာ (၁၁၃)ဦးအောင်မြင်ပြီး ကာမိုင်းမြို့အခြခံ ပညာအထက်တန်း ကျောင်းစာစစ်ဌာနတွင် (၁၄၂)ဦး ဖြေဆိုရာ (၅၂)ဦး အောင်မြင်ခဲ့ကြသည်။
ဖားကန့်မြို့နယ်အနေဖြင့် စုစုပေါင်း ဖြေဆိုသူ(၄၂၃)ဦးရှိပြီး အောင်မြင်သူ(၁၆၅)ဦးရှိသည့်အတွက် အောင်ချက်ရာခိုင်နှုန်းမှာ(၃၉) ရာခိုင်နှုန်းကျော်ရှိကြောင်းသိရသည်။
၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ဖားကန့်မြို့နယ်အနေဖြင့် သုံးဘာသာဂုဏ်ထူးရှင်(၁၀)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၁)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၁၄)ဦးရှိ ပြီးဂုဏ်ထူးဖြင့် အောင်မြင်သူ(၃၇ )ဦးနှင့် ရိုးရိုး အောင်မြင်သူ (၁၂၈)ဦးရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)