တနိုင်း ဇူလိုင် ၂၈
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက အထက(၁)တနိုင်းစာစစ်ဌာနနှင့် အထက ရှင်ဗွေယန် စာစစ်ဌာနတွင်ထုတ်ပြန်ကြေညာခဲ့ရာကျောင်းသားကျောင်းသူစုစုပေါင်း ၁၉၂ ဖြေဆိုအောင်မြင်ခဲ့ကြောင်းသိရသည်။
တနိုင်းမြို့နယ်တွင် အထက(၁)တနိုင်းစာစစ်ဌာနနှင့် အထက ရှင်ဗွေယန်စာစစ်ဌာန၌ကျောင်းတွင်းနှင့်ပြင်ပဖြေဆိုသူ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၁၆ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၉၂ဦးဖြေဆိုအောင်မြင် အောင်မြင်မှု ရာခိုင်နှုန်း ၃၇.၂၁ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။
ဂုဏ်ထူးရရှိမှုအခြေအနေမှာ (၄)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် (၁၀) ဦးနှင့်(၁) ဘာသာဂုဏ်ထူးရှင်(၃၀)ဦးရှိပြီး ဂုဏ်ထူးရရှိ သည့်ဘာသာများမှာ မြန်မာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ပထဝီဝင်နှင့် ဘောဂဗေဒဘာသာရပ် တို့ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
အဆိုပါ တက္ကသိုလ်ဝင်အောင်စရင်း ထုတ်ပြန်ရာတွင် မြို့နယ်စီမံအုပ်ချပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမှ လိုက်လံကြည့်ရှုပြီး မြို့နယ်ရဲတပ်ဖွဲ့ဝင်များက လုံခြုံးရေးပေးခဲ့ကြောင်းသိရသည်။
မနောမြေ (တနိုင်း)