ဒူးရင်းဆိပ်ကျေးရွာ အနိမ့်ပိုင်းလူနေရပ်ကွက်များအတွင်း ရေဝင်ရောက်လာသောကြောင့် ဘေးလွတ်ရာပြောင်းရွှေ့နေထိုင်

သထုံ ဇူလိုင် ၂၈

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယနေ့နံနက်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒုံသမိချောင်းရေမြင့်တက်ကာ ဒူးရင်းဆိပ်ကျေးရွာအနိမ့်ပိုင်း ချောင်းကမ်းနံဘေး လူနေရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လာရာ ရေလွှမ်းမိုးခံပြည်သူများအား တာဝန်ရှိသူတို့က ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရာချထားပေးလျက်ရှိကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် ဒူးရင်းဆိပ်ကျေးရွာ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်တို့သို့ ရေအမြင့် (၆) ပေခန့်အထိ ဝင်ရောက်လာရာ ဘေးလွတ်ရာဖြစ်သည့် ရွာလယ်ဓမ္မာရုံ၌ အိမ်ထောင်စု (၁၇)စုမှ လူဦးရေ (၉၀)ဦးနှင့် တပ်ဦးဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု (၁၁)စု၊ လူဦးရေ (၅၅)ဦး၊ စုစုပေါင်း အိမ်ထောင်စု (၁၁)စုမှ လူဦးရေပေါင်း (၅၄)ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့် တာဝန်ရှိသူတို့က ပြောင်းရွှေ့နေရာချထားပေးခဲ့ကြပြီး နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)