သတင်းများ

ပေါင်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ ဓာတ်မီးတိုင်များ၊ သစ်ပင်ကြီးများ ကျိုးကျလဲပြိုခြင်းများ ဖြစ်ပွား
Jul 28,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၌ ယမန်နေ့နံနက် (၇း၀၅)နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ ဓာတ်မီးတိုင်များ၊ သစ်ပင်ကြီးများ ကျိုးကျလဲပြိုခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရရှိသူ (၇၁) ဦးရှိပြီး အောင်မြင်သူ (၃၀၁) ဦးရှိ
Jul 28,2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယမန်နေ့ နံနက် ၆ နာရီမှစတင်၍ မြို့နယ်ပညာ‌ရေးမှူးရုံးနှင့် စာစစ်ဌာနများ၌ ထုတ်ပြန်ထားခဲ့ရာ ကျိုက်ထိုမြို့နယ်အတွင်း၌ ဂုဏ်ထူးရရှိသူ(၇၁)ဦးရှိပြီး အောင်မြင်သူ (၃၀၁)ဦး  ရှိကြောင်း သိရသည်။
ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး လှိုင်းတက်ကျေးရွာရှိ စည်သွတ်စက်ရုံသို့သွားရောက်ကြည့်ရှုစစ်ဆေး
Jul 28,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် လှိုင်းတက်ကျေးရွာအုပ်စု လှိုင်းတက်ကျေးရွာရှိ စည်သွတ်စက်ရုံသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်
Jul 28,2025
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ကျေးရွာအုပ်စု၊ ကြာနီကန်ကျေးရွာ(မြောက်)ကျောင်းတိုက်တွင် ယမန်နေ့ မွန်းလွဲ ၁နာရီခွဲက ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ပစ္စည်းများ လှူဒါန်းသည်။
မြစ်သားမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UIDကတ်များ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေး
Jul 28,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူဖြစ်စေရေးအတွက် နံပါတ်ဆယ်လုံးပါ UID ကတ်များကို နေ့ချင်းပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်မြန်မာ့စီးပွား ရေးဘဏ်ခွဲ၌ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Jul 28,2025
တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာ ခန်းမ၌ ကျင်းပသည်။
ခမောက်ကြီးမြို့တွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့်သံဓာတ်အားဆေးတိုက်ကျွေးခြင်းများဆောင်ရွက်
Jul 28,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကျေးလက်ကျန်းမာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ဆရာမများပူးပေါင်း၍ ခမောက်ကြီးမြို့၊ မူလွန်အမှတ်(၄)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရည်သန့်ရှင်းမှုနှင့် ကျန်းမာရေး စစ်ဆေးခြင်း၊ သံဓာတ်အားဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
ကျွန်းစုမြို့၌ ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၅၅ ဦး အောင်မြင်
Jul 28,2025
၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ခဲ့ရာ တနင်္သာရီ တိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၁၅၅ ဦးအောင်မြင်ခဲ့ရာ ကျွန်းစုမြို့နယ် စာစစ်ဌာနအနေဖြင့် အောင်ချက် ၃၂.၉၈ ရာခိုင်နှုန်းရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။