သတင်းများ

နမ့်စန်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲကျင်းပ
Jan 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အဆင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ကမမောင်းမြို့တိုက်နယ်ဆေးရုံ၌ ကျန်းမာရေးဝန် ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံ
Jan 28,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ တိုက်နယ်ဆေးရုံ၌ ယနေ့နံနက် ၈ နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုစတင်ထိုး နှံပေးခဲ့ကြောင်းသိရှိရသည်။
မြောင်းမြမြို့နယ်၌ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံ
Jan 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီက မြောင်းမြမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်−၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များတွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်း
Jan 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ် မြို့ပေါ်ရပ်ကွက်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မင်္ဂလာဒုံမြို့နယ်တွင်ကျန်းမာ​ရေးဝန်ထမ်းများကို ကိုဗစ် ၁၉​​ရောဂါကာကွယ်​ဆေးစတင်ထိုးနှံ
Jan 28,2021
ရန်ကုန်​မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနတွင် ယ​နေ့ နံနက် ၁၀နာရီ အချိန်က ကာကွယ်​​ဆေးထိုးရန်ကိုယ်ပူချိန်တိုင်းခြင်း၊​သွေး​​ပေါင်ချိန်တိုင်းခြင်းတို့ ပြုလုပ် ပြီး စတင်ထိုးနှံ​ပေးလျက်ရှိ​ကြောင်းသိရသည်။
​ကော့ကရိတ်မြို့ တံတာကြီး​ကျေးရွာနှင့် မိဖာလဲ​ကျေးရွာတို့တွင်သွားလာရေး အဆင်ပြေစေရန် တံတားငယ်နှင့် မြေကာနံရံတည်ဆောက်ခြင်း ဆောင်ရွက်
Jan 28,2021
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် မိဖာလဲကျေးရွာနှင့် တံတားကြီး ကျေးရွာများတွင် ရွာတွင်းကွန်ကရစ်တံတားနှင့် မြေကာနံရံတည်ဆောက်ခြင်းလုပ်ငန်းကို ဇန်နဝါရီ လ ၂၅ ရက်နေ့၌ ကျေးရွာလူထုလုပ်အားဖြင့် စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုင်းယန်းမြို့၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ
Jan 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင် ၊မိုင်းယန်းမြို့နယ်တွင် ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ ဆေးရုံ၌ ပထမအကြိမ်စတင်ထိုးနှံပေးခဲ့သည်။
ကော့သောင်းမြို့တွင် အလုပ်သမားအခွင့်အရေးဆိုင်ရာ ရက်တိုသင်တန်းပို့ချ
Jan 28,2021
ကော့သောင်းမြို့နယ်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုနှင့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) တို့ ပူးပေါင်းကာ အလုပ်သမားအခွင့်အရေးရက်တို့သင်တန်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ငါးသုံး လုံးတောင်ကုန်းပညာရွှေစင်ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည်။