သတင်းများ

ဗန်းမော်မြို့နယ်အတွင်းရှိ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 28,2021
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၇ နာရီခွဲခန့်က ဗန်းမော်ပြည်သူ့ဆေးရုံကြီးရှိ ကလေး ကုသဆောင် အဟောင်း၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံခြင်း အခမ်းအနားကျင်းပ
Jan 28,2021
စဉ့်ကူးမြို့နယ် ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ညနေ ၅နာရီခွဲ အချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် ကော်မတီအတွင်းရေးမှူး မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်ထူးမြတ်နှင့် ကျန်းမာရေးဝန်ထမ်း များ စုစုပေါင်း အင်အား ( ၂၅ )ဦး တက်ရောက်ခဲ့သည်။
ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့ဝင်ဂိတ်တွင် အထူးကြပ်မတ် စစ်ဆေး ဆောင်ရွက်
Jan 28,2021
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ် တားဆီးရေးအတွက် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီသတ်ဦးစီဌာနနှင့်ဌာနဆိုင်ရာများက နံနက်(၆း၀၀)နာရီမှ ည(၁၁း၀၀)ထိ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရာ မြို့ဝင် လူဝင်/ လူထွက်စောင့်ကြပ်ကြည့်ရှု စစ်ဆေးမေးမြန်းခြ င်းတို့ကို ပုံမှန်မြို့ဝင်ဂိတ်တွင်နေ့ရောညပါဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ပန်းတောင်းမြို့ နယ် ညောင်ကုန်းကျေးရွာတွင် Drum Seeder ဧက (၅၀)မျိုးစေ့ချ စက်ကိရိယာဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲ
Jan 28,2021
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ် ညောင်ကုန်းကျေးရွာတွင် Drum Seeder ဧက (၅၀) မျိုးစေ့ချ စက်ကိရိယာဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ငွေ ပေးအပ်
Jan 28,2021
ရန်ကုန် အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်( အရှေ့ပိုင်း) မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာ( ၃၂) ခုရှိပြီး ပုံမှန်ဝင်ငွေမရှိသော ထပ်တိုး အိမ်ထောင်စု အခြေခံလူတန်းစားများအား ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း အဖွဲ့များက ယနေ့နံနက် ပိုင်းက ရပ်ကွက်များအတွင်း ထပ်တိုးအခြေခံလူတန်းစား အိမ်ထောင်စုများ အားလက်ဝယ် အရောက်ပေးအပ် ခဲ့ကြကြောင်း သိရသည်။
တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်းကျေးရွာတွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိ
Jan 28,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်းကျေးရွာ အုပ်စုတွင် မြန်မာဆယ်မာအူးလ်အွန်ဒုံ စီမံကိန်း ရင်းတိုက်ကွင်းကျေးရွာ(SMUC) နှင့် မြန်မာ နိုင်ငံကြက်ခြေနီအသင်း တိုက်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၁)ကို ရင်းတိုက်ကွင်းကျေးရွာ ရွှေခေတ်သစ် ခန်းမ တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သန်လျင်မြို့နယ်မှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား နိုင်ငံတော် ထောက်ပံ့ငွေများ ပေးအပ်
Jan 28,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ပုံမှန် ဝင်ငွေမရှိသော အိမ်ထောင်စု များအား နိုင်ငံတော်မှထောက်ပံ့ငွေများ ပေးအပ်ပွဲကိုယနေ့နံနက် (၁၁)နာရီတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။