သတင်းများ

ထာငိုကျေးရွာရှိ ရွက်ပုန်းသီးကော်ဖီစက်ရုံမှ ပင်လောင်းမြို့နယ် ကျေးရွာအသီးသီးမှ ထွက်ရှိသော ကော်ဖီစေ့များ ဝယ်ယူမှုကြောင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ရရှိ
Jan 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ကျေးရွာ အသီးသီးမှ ထွက်ရှိသော ကော်ဖီစေ့များကို ထာငိုကျေးရွာရှိ ရွက်ပုန်းသီးကော်ဖီ စက်ရုံ(Behind the Leaf)က ဝယ်ယူ၍ ပင်လောင်းမြို့နယ်၊ ဖြူးရှားရွာတွင် ဒေသခံများခေါ်ယူ၍ အခြောက် လှန်းနေကြသဖြင့် ဒေသခံများ တစ်ပိုင်တစ်နိုင်ရရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ကြေးငွေပေးအပ်
Jan 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များကို အာဟာရပြည့်ဝသော အစားအစာများ စားသုံးရန်နှင့် ကျန်းမာသန်စွမ်းသော ကလေးငယ်များ မွေးဖွားစေရန် ရည်ရွယ်၍ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်တွင် တာဝန်ရှိသူ များတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်း
Jan 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ် ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ချပြရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းက လွယ်ဆေးကျေးရွာအုပ်စုများ၌ ကျင်းပခဲ့သည်။
နိုင်ငံတော်မှ ထောက်ပံ့သော ထောက်ပံ့ငွေများကို ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ကျေးရွာအရောက် ကွင်းဆင်းထောက်ပံ့
Jan 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် Covid-19 ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုး အိမ်ထောင်စုများ စားသောက်ရေးအဆင်ပြေစေရေးအတွက် နိုင်ငံတော်မှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂ သောင်းနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိရာ ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီခန့်က နောင်ကျောကျေးရွာအုပ်စုနှင့် တောင်ရှေ့ကျေးရွာအုပ်စုတို့ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများထံသို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။
မြစ်သားမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲပြုလုပ်
Jan 28,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေးအတွက် လုပ်ငန်းများ သုံးသပ် ဆွေးနွေးခြင်း ကို ယနေ့နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
နမ္မတူပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်း (၁၅၀)ဦးကျော်ကို ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 28,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြည့်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ထမ်း အယောက်(၁၅၀)ကျော်ကို ယနေ့ နံနက် (၉)နာရီအချိန်ခန့်က စတင်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း နမ္မတူမြို့နယ်၊ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက်ထံက သိရသည်။
စဉ့်ကူးမြို့နယ်၌ ( ၃ )လသား ကလေးငယ် အပါအဝင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jan 28,2021
စဉ့်ကူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ဒေါ်သင်းသင်းကြူ၊ ဒေါ်နွယ်အောင်တို့နှင့်ထိတွေ့ ဆက်စပ်မှု ရှိသူ ဒေါ်မျိုးမမကျော် နှင့် ဦးကြည်ပါ ( ၄ ဦး၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်သို့ အလုပ်သွား ရောက်လုပ်ကိုင်ခဲ့ပြီးစဉ့်ကူးမြို့နယ်သို့ ပြန်လည်ရောက်ရှိလာသူဉီးမောင်မြင့် ၊ ဦးရန်အောင်စိုးနှင့် မသဲမွန်ထွေး၊ စည့်ကူးမြို့နယ်မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မဂျာမိုင်ပါ ( ၅ ) ဦးနှင့် ထိတွေ့ ဆက်စပ်မှုရှိသူ မောင်ခေတ်ပါ ( ၁၃ )ဦး တို့အား ဇန်နဝါရီလ ၁၈ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် အထက စဉ့်ကူး Facility Quarantine တွင်ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျှက် ရှိခဲ့ပါသည်။
ကျောက်မဲမြို့၊ တိုက်ပွဲရှောင်စခန်းရှိ တိုက်ပွဲရှောင်ပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
Jan 28,2021
အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ ကျောက်မဲမြို့နယ်ဦးစီးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းထိန်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၁ နာရီ အချိန်က ပိန္နဲကုန်းကျေးရွာ အုပ်စု၊ ဝါဆိုကျောင်းတိုက်၌ ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင် စခန်း ၄ ခုမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၉၀ ကျော်အား အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများသွား‌ ရောက်ပေး အပ်ခဲ့ကြောင်း သိရသည်။