ပိုင်ကျုံမြို့ နောင်ဘိုကြီးနှင့်ရွာကိုင်းကောင်းကျေးရွာများ၌ အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် ပထမ(၃)လပတ် အတွက် ထောက်ပံ့ငွေပေးအပ်
Jan 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ နောင်ဘိုကြီးကျေးရွာနှင့် ရွာကိုင်းကောင်းကျေးရွာတို့တွင် အသက်(၈၅)နှစ် နှင့် အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့ငွေ တစ်ဦးလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ (အောက်တိုဘာလ၊ နိုဝင်ဘာလ၊ဒီဇင်ဘာလ )(ပထမ) (၃)လပတ် အတွက် (၃၀၀၀၀)ကျပ်စီအား ယနေ့နံနက် (၁၀)နာရီအချိန်က ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်၊ ပိုင်ကျုံမြို့ မြို့အုပ်ချုပ် ရေးမှူး ဦးထွန်းရန်အောင်အောင်၊ လှိုင်းဘွဲ့မြို့နယ်၊ လူမှု၀န်ထမ်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းရန်နောင်နှင့်တာ၀န်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။