သတင်းများ

ကရင်ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ် ၁၉ ကာကွယ်ဆေးစတင်ထိုးနှံ
Jan 28,2021
ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေကြသည့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ် ၁၉ ကာကွယ်ဆေးကို စတင်ထိုးနှံ ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံးကြီးတွင် ယမန်နေ့ နံနက် ၈ နာရီခန့်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများ အား ကာကွယ်ဆေးစတင်ထိုးနှံပေးလျက်ရှိသည်။
သံတောင်ကြီးမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအားထောက်ပံ့ငွေပေးအပ်
Jan 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ပထမသုံးလပတ် အတွက် (MCCT)အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များ နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးငယ်များအား ထောက်ပံ့ငွေများကို မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ခင်ထွန်း နှင့် ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းတွင် အိမ်တိုင်ရာအရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မြောင်းမြမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ပဉ္စမအကြိမ်မြောက် ထောက်ပံ့ငွေများ ပေးအပ်
Jan 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရက ပဉ္စမအကြိမ်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့ ဓါတ်ပုံညီအစ်ကိုများမှ အနှိုင်းမဲ့ပရမီလူမှုကူညီရေးအသင်းနှင့် Covid -19 Center ကူညီထောက်ပံ့ရေးအဖွဲ့သို့အလှူငွေများလှူဒါန်း
Jan 28,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့ ဓါတ်ပုံညီအစ်ကိုများမှ အနှိုင်းမဲ့ပါရမီလူမှုကူညီရေးအသင်းနှင့် Covid -19 Center ကူညီထောက်ပံ့ရေးအဖွဲ့သို့အလှူငွေများလှူဒါန်းခြင်းကို ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက် ကြကြောင်း သိရသည် ။
ဆွမ်ပရာဘွမ်မြို့နယ်ရှိ ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ
Jan 28,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက် ၁၀နာရီခွဲမှစတင်၍ ဆွမ်ပရာဘွမ်မြို့နယ် ပြင်ပလူနာဆောင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ် လူငယ်ရေးရာကော်မတီ နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Jan 28,2021
ကချင်ပြည်နယ် လူငယ်ရေးရာကော်မတီနှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြစ်ကြီး နားမြို့ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးရှံး၌ ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။
မိုးကောင်းမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံ
Jan 28,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးခြင်းကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ သတ်မှတ်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ အထူးကြပ်မတ်၍ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။