မဟာဝိဇိတာရုံကျောင်းတိုက်ဝင်းအတွင်း နိုင်လွန်ကတ္တရာလမ်း ခင်းကျင်းပြီးစီးမှုများအား ကြည့်ရှုစစ်ဆေး
Mar 25,2021
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၂) မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်းလိုက်ပါလျက် ချမ်းအေးသာစံမြို့နယ် ၆၇လမ်းနှင့် ၆၈လမ်းကြား၊ ၃၁လမ်းနှင့် ၃၂လမ်း ကြားရှိ နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်ဂိုဏ်းလုံးဝန်ဆောင်နာယ၊ ဘဒ္ဒန္တနာယကဆရာတော် သီတင်း သုံးတော်မူနေသည့် မဟာဝိဇိတာ ရုံကျောင်းတိုက်သို့ရောက်ရှိလာပြီး မတ်လ ၇ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးနေသော ကျောင်းတိုက်ဝင်းအတွင်းနိုင်လွန်ကတ္တရာလမ်းခင်းခြင်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးသည်။