မန္တလေး မတ် ၂၅
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုသည် တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၂) မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်းလိုက်ပါလျက် ချမ်းအေးသာစံမြို့နယ် ၆၇လမ်းနှင့် ၆၈လမ်းကြား၊ ၃၁လမ်းနှင့် ၃၂လမ်း ကြားရှိ နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်ဂိုဏ်းလုံးဝန်ဆောင်နာယ၊ ဘဒ္ဒန္တနာယကဆရာတော် သီတင်း သုံးတော်မူနေသည့် မဟာဝိဇိတာရုံကျောင်းတိုက်သို့ရောက်ရှိလာပြီး မတ်လ ၇ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးနေသော ကျောင်းတိုက်ဝင်းအတွင်းနိုင်လွန်ကတ္တရာလမ်းခင်းခြင်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ လမ်းခင်းပြီးစီးမှုအား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ လမ်းတံတား ဌာနမှူးဦးသန်းထိုက်ဦးမှ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဝဏ္ဏကျော်ထင်ဦးမောင်ကိုနှင့်ဇနီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်ရွှေဥ မိသားစုမှ နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်ဂိုဏ်းလုံးဝန်ဆောင် နာယက၊ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တ ဝိစာရိန္ဒာဘိဝံသအားအမှူးပြု၍ ဆရာတော်သံဃာတော်များအတွက် ဆန်နှင့်ဆီများကို ဆက်ကပ် လှူဒါန်းခဲ့သည်။
မဟာဝိဇိတာရုံကျောင်းတိုက်ဝင်းအတွင်း နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းအား မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီကြီးကြပ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး နိုင်လွန်ကတ္တရာလမ်းအရှည် ၂၂၂၄ ပေ၊ လမ်းဧရိယာ ၂၄၂၈၃ ဒသမ ၅ စတုရန်းပေအား ခင်းကျင်းလှူဒါန်းခဲ့ ကြောင်းသတင်းရရှိသည်။
(တိုင်းဒေသကြီး ပြန်/ဆက်)