ညောင်ဦးမြို့၌ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ သီလရှင်များ၊ ခရိုင်/မြို့နယ်ဌာန ဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ညောင်ဦး မတ် ၂၅ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာ ခန်းမကြီးတွင် မတ်လ ၁၈ရက်နေ့ ၊နံနက် ၉နာရီအချိန်မှစတင်ကာထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သီလရှင်များ၊ ခရိုင်/မြို့နယ်ဌာန ဆိုင်ရာဝန်ထမ်းများ၊ ဒေသခံ ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျှက်ရှိရာ ယမန်နေ့ထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၁၉၄၅ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း ညောင်ဦး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံကသိရသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မတ်လ ၁၈ရက်နေ့ နံနက် ၉နာရီအချိန်မှစတင်ကာ ညနေ ၄နာရီအချိန်ထိထိုးနှံပေးသူ ၄၄၀ဦး၊ မတ်လ ၁၉ရက်နေ့တွင် ၃၈၂ဦး၊ မတ်လ ၂၀ရက်နေ့တွင် ၂၉၀ဦး၊ မတ်လ ၂၂ရက်နေ့တွင် ၄၁၂ ဦး၊မတ်လ ၂၃ရက်နေ့တွင် ၂၂၆ဦး၊ မတ်လ၂၄ ရက်နေ့တွင် ၁၉၅ဦးထိုးနှံပေးခဲ့ရာစုစုပေါင်း၁၉၄၅ဦးထိုး ပေးနိုင်ခဲ့ပြီဖြစ်ကာဆက်လက်ထိုးနှံပေးနိုင်ရေး ညောင်ဦးခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများမှကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနိုင် ပေးနိုင်ရေးစနစ်တကျဖောင်ဖြည့်သွင်း၍ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီထိုးနှံပေးလျှက်ရှိကြောင်း၊ အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး သည့်နေရာသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ ခရိုင်အုပ်ချုပ်ရေးမှူး (ဥက္ကဋ္ဌ) ဦးကျော်ကျော်အုန်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှုး(ဒု-ဥက္ကဋ္ဌ) ဦးထွန်းသိန်းတို့မှ ကြည့်ရှုအား ပေးခဲ့ကြောင်းနှင့် ၁၀၀၀ဦး ထိုးနှံပေးနိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိကြောင်းသိရသည်။ ကိုထိန်၊ KPD