ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး

ကိုကိုးကျွန်း မတ် ၂၅ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ပထမအကြိမ်အဖြစ် (၂၁.၃.၂၀၂၁)မှ (၂၃.၃.၂၀၂၁)ရက်နေ့အထိ နယ်မြေခံတပ်မိသားစုဝင် များ၊ ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်မိသားစုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများနှင့် အသက် (၁၈)နှစ် ပြည့်ပြီးသူ ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်၊၊ ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဝန်များမှ ကာကွယ်ဆေးမထိုးမီ သွေးတိုး၊ ဆီးချို နှင့် အခြားရောဂါလက္ခဏာရှိ/မရှိ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပေး ပြီး ဆေးထိုးပြီးပါက မိနစ် ၃၀ ခန့်စောင့်ကြည့် ပေးခဲ့ကြောင်း သိရသည်၊၊ အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်မှုကောင်စီမှ တာဝန်ရှိသူများမှ လာရောက် ကြည့်ရှုပြီး လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းပေးပြီး ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း (၆၉၇)ဦး ရှိပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကိုလည်း ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီး (၂၈)ရက် အကြာတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်၊၊ ကိုကိုးကျွန်း (ပြန်/ဆက်)