သတင်းများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှုဖြစ်ပွား
Apr 08,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊(၃၀)ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်းရှိ အကျယ်(၂၀ -၁၅)ပေ၊ RC တစ်ထပ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဧပြီ ၇ ရက်နေ့ နံနက် (၆) နာရီ (၄) မိနစ်အချိန်ခန့်တွင် မီးလောင်နေကြောင်း သတင်းပေးပို့မှုကြောင့် (၆) နာရီ (၅) မိနစ် အချိန်တွင် အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိသေနတ်ပစ် ကွင်းတွင် တာဝန်ကျနေသော မီးသတ်ဦးစီးမှူး ဦးအောင်လင်းဦး ဦးဆောင်၍ ရေသယ်ယာဉ် တစ်စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်ခဲ့ရာ (၆) နာရီ (၁၅) မိနစ် အချိန်တွင် မီးထိန်း နိုင်ခဲ့ပြီး (၆) နာရီ (၁၉) မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် Grade -4 သင်ရိုးသစ် မွမ်းမံသင်တန်းဆင်း ပွဲများကျင်းပ
Apr 08,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့တွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် အခြေခံပညာ မူလတန်း အဆင့် Greade-4 သင်ရိုးသစ်၊ မြို့နယ်အဆင့် မွမ်းမံသင်တန်းကို ဧပြီ ၅ ရက်နေ့မှ စတင် ဖွင့်လှစ်ခဲ့ပြီး ဧပြီ ၇ ရက်နေ့တွင် သင်တန်များအောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း (ဒုတိယအသုတ်၊ (ပထမအကြိမ်) အဖြစ် ဆက်လက်ထိုးနှံပေး
Apr 08,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမအတွင်း ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်း (ဒုတိယအသုတ်၊ (ပထမအကြိမ်) အဖြစ် ချောင်းကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက်၊ ဆင်ခြေဖုန်းကျေးရွာအုပ်စုနှင့် သကျက်ကျေးရွာအုပ်စုတို့မှ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများကို ယမန်နေ့နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ထိုးနှံပေးရာ လူဦးရေ(၁၅၄)ဦးက ကျန်းမာ‌ရေးနှင့် အားကစား ဝန်ကြကီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ လာရောက်ထိုးနှံကြသည်။
၂၀၂၁ ခုနှစ် ဘွဲ့တံဆိပ်တော်ရရှိသည့် ဆရာတော်များအား ဂုဏ်ပြုပူဇော်
Mar 29,2021
၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းရရှိတော်မူသည့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ မြို့ခင်းသာပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တဇဋိလ နှင့် ကမ္မဋ္ဌာနာစရိယ အုံ့တုံးတောင်တောရဆရာတော် ဘဒ္ဒန္တဩသဓမထေရ်မြတ်တို့အား ဂုဏ်ပြုပူဇော်ပွဲ ကို ယနေ့ နံနက် ၉ နာရီက ဂန့်ဂေါမြို့ သာသနာ့ဗိမာန်တော်၌ ပြုလုပ်သည်။
စစ်တွေမြို့၌ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးနှစ်ပါး လှည့်လည်အပူဇော်ခံ
Mar 29,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲသို့ ကြွရောက်ပြီး အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ခံယူကြသည့် ဆရာတော်ကြီးနှစ်ပါးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်မှ စစ်တွေမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ကြွရောက်တော်မူကြပြီး မြို့တွင်း လှည့်လည်အပူဇော်ခံကြသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ
Mar 28,2021
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်၊ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့ (သာသနာတော် နှစ် ၂၅၆၄၊ ကောဇာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်နေ့) မွန်းလွဲ ၁ နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ကယားပြည်နယ်၌ ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း
Mar 27,2021
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကော်စီ၏ ဦးဆောင်မှုဖြင့် ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။
ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် (၂၇)ကြိမ်မြောက် အသံမစဲအဘိဓမ္မာမဟာ ပဋ္ဌာန်းဒေသနာ တော်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Mar 27,2021
ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ တောင်ပေါ်ကျောင်း ပရိယတ္တိစာသင်တိုက်၌ ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် (၂၇)ကြိမ်မြောက် နေ့ညအသံမစဲ အဘိဓမ္မာ မဟာ ပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်း လှူပွဲကို မတ် ၂၇ရက် နံနက် ၉နာရီအချိန်က