ကျောက်ဆည်မြို့နယ်တွင် ကျေးရွာ(၂)ရွာအား မြစိမ်းရောင်စီမံကိန်းချေးငွေ ကျပ်သိန်း(၃၀၀)စီ ထုတ်ချေးပေး
Mar 23,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်း လာစေရေး အတွက် ရည်ရွယ်ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် မတည်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း(၃၀၀) ကို ဖွံ့ဖြိုးမှုနည်းသည့် ကျေးရွာများအားရွေးချယ်ပြီး ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေရွာ(၂)ရွာအား မြစိမ်းရောင်စီမံကိန်းချေးငွေ ကျပ်သိန်း(၃၀၀)စီ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီခွဲက ဗလီကွင်းကျေးရွာပြည်သူများအား စီမံကိန်းချေးငွေများ ပထမအကြိမ်အဖြစ် ထုတ်ချေးပေးခဲ့ ကြောင်း သိရှိ ရသည်။