သတင်းများ

လေးဆူဓါတ်စံရွှေစာရံ စေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် ရေစက်ချမင်္ဂလာ အခမ်းအနားကျင်းပ
Mar 27,2021
မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓါတ်စံရွှေစာရံ စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယ ပွဲတော် အထိမ်းအမှတ်အဖြစ် (၂၀)ကြိမ်မြောက် ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲတော်နှင့် ရေစက်ချ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်က ရွှေစာရံစေတီတော် ပုရဝုဏ်ရှိသု၀ဏ္ဏ ဘူမိသာသနာ့ ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။
ငဖဲမြို့တွင် မိသားစုတစ်ပိုင်တစ်နိုင်ငွေနှင်းမှို စိုက်ပျိုးရောင်းချပြီး အပိုဝင်ငွေရရှိ
Mar 27,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ကျောင်းတွင်းရပ်ကွက်၊ စည်ပင်ကွက်သစ်ရပ်တွင် မိမိအိမ်ခြံဝန်းအတွင်း မိသားစုတစ်ပိုင်တစ်နိုင် ငွေနှင်းမှိုများကို စိုက်ပျိုးရောင်းချပြီး ပုံမှန်အပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ (၇၆)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Mar 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ (၇၆)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့ နံနက်(၈)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များနှင့် ပြည်သူများထံအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ (၇၆)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ
Mar 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ (၇၆)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်(၈)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နယ်မြေခံတပ်ရင်း တပ်ဖွဲ့များနှင့် ပြည်သူများထံအခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
၇၆နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 27,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ၂၀၂၁ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၇၆နှစ်မြောက်သတင်းစကား လက်ကမ်း စာစောင်များကို နံနက် ၉နာရီအချိန်က ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မင်းဘူး(စကု)မြို့နယ်ကျောက်တန်းကျေးရွာ၌ ဖူးစားပြောင်းစိုက်ပျိုးရေး အောင်မြင်ဖြစ်ထွန်း
Mar 27,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ တောင်သူများသည် အပူချိန်မြင့်မားပြီး အချိန်နောင်းသလိုလို ရှိသော်လည်း စိုက်ပျိုးလိုက်သည့်အခါ ပြောင်းဖူးပင်များ အောင်မြင်ဖြစ်ထွန်းပြီး အဖူးအပွင့်များ ဝေဆာကာ ဖွံ့ထွားမှုများ ရှိသောကြောင့် ဖူးစားပြောင်းများကို ထပ်မံ စိုက်ပျိုးသူများလည်းရှိကြောင်း ပြောင်းစိုက်ပျိုးသူများထံမှ သိရသည်။
သထုံမြို့နယ်တွင် သံဃာတော်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Mar 27,2021
မွန်ပြည်နယ် သထုံမြို့နယ်တွင် သံဃာတော်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းက သထုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ
Mar 27,2021
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များက ရပ်ရွာတည်ငြိမ်အေး ချမ်းရေးအတွက် စီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်ပြီး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့ မြို့နယ်ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးဝင်းအတွင်းရှိ မနောရွှေပြည် ခန်းမ၌ ကျင်းပပြုလုပ်သည်။