သတင်းများ

ကျောက်ဆည်မြို့တွင် အသက်ကြီးအဘိုးအဘွားများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးပေးလျက်ရှိ
Mar 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သက်ကြီးအဘိုးအဘွားများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ဆေးထိုးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ စီစဉ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများမှ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက် ၉ နာရီက ပြည်သူ့ဆေးရုံကြီးတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းစုမြို့တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Mar 19,2021
ကျွန်းစု မတ် ၁၉ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မတ်လ(၁၅)ရက်နေ့မှစ၍ မတ်လ(၁၉) ရက်နေ့အထိ ကိုဗစ် - ၁၉ ရ
သံဃာတော်များ၊ ဝန်ထမ်းများနှင့်(၆၅)နှစ်အထက်အသက်ကြီးသူများအား (ဒုတိယ)သုတ်၊ (ပထမ)အကြိမ် ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေး
Mar 19,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပေးခြင်းလုပ်ငန်း (ဒုတိယ)သုတ်၊(ပထမ)အကြိမ်အဖြစ် ဆရာတော်/ သံဃာတော် အရှင်သူမြတ်များ၊ ဝန်ထမ်းများနှင့်အသက်(၆၅)နှစ်နှင့်အထက်အသက်ကြီးသူများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်းတွင် ယမန်နေ့ နံနက်၉ နာရီမှ ညနေ(၅)နာရီအထိ(၃၀၈)ဦးအားထိုးနှံပေး နိုင်ခဲ့ပြီး၊
အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Mar 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီမှ စတင်ပြီး နေ့လယ် ၂ နာရီအချိန်ထိ တွံတေးမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရ သည်။
သုံးခွမြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ ဥက္ကံဘုရားကြီးမဏ္ဍိုင် ပရိယတ္တိစာသင်တိုက်တွင် မဟာ အတု လရတနာ့ဂုဏ်ရည် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်လျက်ရှိ
Mar 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ ဥက္ကံဘုရား ကြီးမဏ္ဍိုင် ပရိယတ္တိစာသင်တိုက်တွင် ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည်တံ့စေရေး၊ ပရိယတ္တိစာပေများ သင်ကြားရာတွင်လည်းကောင်း၊ ဘာသာရေး၊ သာသနာရေး၊ ဝိနယဓမ္မ စာတော်ပြန်ပွဲ၊ အခမ်းအနားများ ကျင်းပရာတွင်လည်းကောင်း၊ လွယ်ကူအဆင်ပြေစေရန် ရည်ရွယ်၍ နှစ်(၁၀၀)ပြည့် ဝိနယဓမ္မစာတော်ပြန် ပူဇော်ပွဲကြီး အထိမ်းအမှတ်အဖြစ် မဟာ အတုလရတနာ့ဂုဏ်ရည် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်လျက်ရှိကြောင်း သိရှိရ သည်။
သုံးခွမြို့နယ် အမှတ် ၄ ရပ်ကွက် အနော်ရထာလမ်းနှင့် မဉ္ဇူလမ်းထောင့်တွင် မီးသတ် အုတ်ရေကန်တစ်ခုတည်ဆောက်ပြီးစီး
Mar 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့အမှတ် ၄ ရပ်ကွက်၊ အနော်ရထာလမ်းနှင့် မဉ္ဇူလမ်းထောင့် တွင် မီးသတ်အုတ်ရေကန်တစ်ခု တည်ဆောက်လျက်ရှိရာ ပြီးစီးသွားပြီး ရေဖြည့်တင်းကာ လမ်းအတွင်းမှ လူငယ်များ အပေါ့စား မီးသတ်စက်ဖြင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့ သရုပ်ပြ လေ့ကျင့်ခဲ့ကြကြောင်း သိရှိရသည်။
ဖားကန့်ဒေသ ဥရုချောင်းရှင်းလင်းရေးလုပ်ငန်းအတွက် ဦးစားပေးနေရာများသတ်မှတ်၍ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး
Mar 18,2021
ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်း ဥရုချောင်းရေမြင့် တက်မှုကြောင့် နှစ်စဉ်ရေကြီးရေလျှံမှုလေျာ့ပါးပပျောက်စေရေးအတွက် ၂၀၂၀-၂၀၂၁ ခုနှစ်၊ ဖားကန့်၊ လုံးခင်းနေရာများတွင် ဥရုချောင်းရှင်းလင်းရေးဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်ပြီး ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မတ် ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ ဒေသခံမြို့မိ/မြို့ဖများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
မိုင်းဆတ်မြို့၌ ဝမ်ပြန့်-ဝမ်အင်ကျေးရွာချင်းဆက် ကျောက်ခင်းလမ်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
Mar 18,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၌ ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် အဲန်တိုင်းရင်းသားလူမျိုးများ ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝမ်ပြန့်-ဝမ်အင်ကျေးရွာချင်းဆက် ကျောက်ခင်းလမ်းဆောင်ရွက် နေမှုအား ယနေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။